အပိုင်း(၄၂)

11.7K 357 16
                                    

ဇူလိုင်လရဲ့ ပထမဆုံးမနက်ခင်းလေးဖြစ်တဲ့ တနင်္ဂနွေနေ့ရဲ့ မနက်အစောပိုင်းတွင်
မိုးက မစဲဘဲ တစိစိလို့ရွာသွန်းနေသည်။
မိုးရွာလိုက်တာကြောင့် ပတ်ဝန်းကျင်ရဲ့အပူချိန်က သိသိသာသာ ကျဆင်းသွားကာ ချမ်းစိမ့်စိမ့်လေး ဖြစ်လာသည်။
မနက်၆နာရီထိုးပြီဆိုတာနဲ့ အကျင့်ပါနေတဲ့ မျက်လုံးများဟာ တဖြည်းဖြည်းပွင့်လာပြီး
ခန့်တည်ပိုင်တစ်ယောက် အိပ်ရာနိုးလာခဲ့သည်။ ခါတိုင်းနဲ့မတူတာက သူနိုးလာလာချင်း သူ့ကိုယ်ပေါ်မှာ လေးလံမှုတစ်ခုကို ခံစားနေရတာဘဲဖြစ်သည်။
ခန့်တည်ပိုင် ငုံ့ကြည့်လိုက်တော့ ခြေကားယား လက်ကားယားနဲ့ လူကို ဖက်လုံးလို ခွဖက်ထားကာ မောမောစက်စက်အိပ်ပျော်နေတဲ့ ကိုယ့်ရဲ့ ပူပူနွေးနွေး ချစ်ဇနီးလေးဖြစ်နေသည်။ ကိုယ့် ကိုယ်ပေါ်ရောက်နေတဲ့ ခြေထောက်ကို ဖယ်လိုက်တော့ ချက်ချင်းပြန်တင်လာသည်။

"ကိုယ့်မိန်းမက အိပ်တာ အရမ်းသိမ်မွေ့နေပါလား ဟမ် အဟွင်း"
သူ့နဖူးကို လက်နဲ့တောက်လိုက်တော့ မျက်မှောင်ကြုံ့ကာ တစ်ဖက်လှည့်စောင်းအိပ်သွား တော့သည်။ ထိုအခါမှ ခန့်တည်ပိုင်လဲ ထလိုက်ကာ မျက်နှာသစ် သွားတိုက်လုပ်ရသည်။
ကိုယ် ရေပါတစ်ခါတည်းချိုး အဝတ်အစားလဲပြီးလို့ ထွက်လာတဲ့အချိန် ကုတင်ပေါ်မှာ မှောက်လျက်ကြီး အိပ်နေပြန်တဲ့ မေ့ကို တွေ့လိုက်ရသည်။ အိပ်တဲ့ပုံစံနူးညံ့လွန်းတာကြောင့် ဝတ်ထားတဲ့ဂါဝန်ရှည်က ပေါင်တစ်ဝက်အထိ လိပ်တက်နေကာ မြင်ကွင်းက ခုလေးမှရေချိုးပြီးတဲ့ ခန့်တည်ပိုင်ကို ချွေးပြန်စေသည်။
စောစောစီးစီးမှောင်မိုက်လာသော အတွေးများကို ဖယ်ထုတ်လိုက်ကာ အိပ်ပုတ်မလေးကို မနက်စာ စားဖို့နှိုးရတော့သည်။

ဝရားမှောက်အိပ်နေတာမို့ ခေါင်းကိုခပ်ဖွဖွပုတ်နှိုးလိုက်တော့ မယ်မင်းကြီးမလေးက လှုပ်တောင်မလှုပ်ပါ။

"မေ ...မိန်းမ ထတော့နော် ၇နာရီထိုးနေပြီ
မနက်စာ စားရအောင် "

"မေ....ကိုယ်ပြောတာကြားလား ဟမ် အိပ်ပုတ်လေး "

ငယ်ငယ်က မအေက ဆောင့်ကန်နှိုးတာတောင် တစ်ဖက်လှည့်ပြန်အိပ်တဲ့ ချမ်းသီရိမေအဖို့တော့ ဒီလို ခေါင်းပုတ်လာနှိုးနေခြင်းသည် ချော့သိပ်နေသယောင်ပင်။

You are My Story (Complete)Où les histoires vivent. Découvrez maintenant