"မေရေ ဘာကျွေးမှာလဲ"
ခရီးက ညနေ၅နာရီခွဲလောက်မှ ပြန်ရောက်လို့ နားနေတုန်း မဖူးမှဝင်လာကာ မျက်စပစ်ကာပြောလာသည်"အော် အိမ်ပြန်လက်ဆောင်လား
မေ အိမ်မပြန်ဖြစ်ဘူးလေ။ မဖူး ရန်ကုန်ကိုသွားတာ ဘာမှအထွေအထူးတော့ပါမလာဘူးရယ် ညီမလေးထည့်ပေးလိုက်တဲ့ သရေစာတွေတော့ပါတယ် အော် အချိုရည်ဗူးတွေလဲပါတယ် ""ဘာအိမ်ပြန်လက်ဆောင်တုန်းမေရဲ့
မနေ့ကမှ ချစ်သူအသစ်စက်စက်လေးရထားတာမဟုတ်ဘူးလား မသိချင်ယောင်ဆောင်နေတယ်နော် အဟွင်း အဟွင်း""အယ် မဖူးဘယ်လိုသိ "
"အမယ်လေး တစ်ဆောင်လုံးသိပါ့
ဆရာခန့်က ဒီတစ်ခေါက်သင်တန်းစဉ်မှာ နာမည်ကြီးလေ မေရဲ့ အပျိုလေးတွေရော မမတွေရော မျက်စောင်းထိုးနေကြတာ ခုတော့ပိုင်ရှင်ပေါ်သွားပြီပေါ့ ""တို့က ကိုယ်ရတာမဟုတ်ပေမဲ့ပျော်တယ်သိလား မေနဲ့ဆရာခန့်က လိုက်တယ် fbမှာလဲ ပုံလေးတွေတွေ့လိုက်တယ် ချစ်စရာအတွဲလေး "
မေက ပါလာတဲ့ခြင်းထဲက မုန့်နဲ့အချိုရည်ဗူးထုတ်ကာ
"မဖူး စားအားမနာနဲ့ "
"ဟီးဟီး စားချင်လို့ပြောတာတော့မဟုတ်ပေမဲ့ နည်းနည်းစားမယ်နော် "
"ဒါနဲ့မေတို့က သင်တန်းမပြီးသေးတော့ခွဲနေရမှာပေါ့ လွမ်းစရာကြီး "
"ဟုတ် "
"တစ်မျိုးလဲကောင်းပါတယ်ထူးထူးခြားခြားအမှတ်တရလေးဖြစ်တာပေါ့ "
"အဟွန်း ဟုတ်တယ်နော် "
"စကားကောင်းနေတာ အိမ်ကိုဖုန်းဆက်ဖို့မေ့နေတာ ကြမ်း သွားလိုက်အုံးမယ်နော် မေ့ မုန့်အတွက်ကျေးဇူး "
"ဟုတ် "
မဖူးထွက်သွားတော့ မေလဲဆရာ့ကို ဖုန်းဆက်ကြည့်ဖို့လုပ်လိုက်သည်
"Hello "
"Hello ချမ်းသီရိမေရဲ့ချစ်သူကောင်လေးပြောနေပါတယ်ခဗျာ "
"အယ် ဆရာကလဲ နောက်နေပြန်ပြီ"
"ဟော မနောက်ပါဘူးဗျာ ကိုယ်က မေ့ချစ်သူမဟုတ်ဘူးလား "
VOCÊ ESTÁ LENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...