အပိုင်း(၅၀)

10.7K 264 22
                                    

မနက်၄နာရီထိုးဖို့ ၁၅မိနစ်လောက်အလိုမှာ နှိုးစက်alarmသံမြည်လာတာကြောင့် ခန့်တည်ပိုင်တစ်ယောက်အိပ်ရေးမဝပေမယ့်လည်းထရတော့သည်။ ရင်ခွင်ထဲက မေမဒီလေးကတော့ မောမောစက်စက်ကို အိပ်ပျော်နေဆဲဘဲ ဖြစ်သည်။
ဒါကြောင့် ကိုယ့်ဘာသာဘဲအရင်ထပြီး မျက်နှာသစ်သွားတိုက်ရေမိုးချိုးထားလိုက်သည် ။သူနဲ့မေနဲ့ ဒီနေ့ မိုးပျံပူဖောင်းသွားစီးမှာမလို့ စောစောသွားရမှာဘဲဖြစ်သည်။ ရေချိုးပြီး အဝတ်အစားလဲဖို့ရွေးရတော့  မိုးပျံပူဖောင်းစီးမှာမလို့ ပုဆိုးသွားဝတ်ရင် လူကြားထဲ လန်ပျံနေမှာစိုးတာကြောင့် ဒီနေ့တော့ style pantအနက်တစ်ထည်နဲ့ မိုးပြာရောင် ရှပ်လက်တိုဘဲ တွဲဝတ်လိုက်သည်။
အချိန်က ၄နာရီ၁၅ရှိပြီမိုလို့ မေ့ကိုနှိုးဖို့အတွက် hotelက coffeeတစ်ခွက်အရင်မှာထားရသည်။ အဲ့လိုမှမသောက်ရရင် ချစ်မိန်းမက မထဘဲ ပြန်ပြန်အိပ်နေတတ်၏။

"မေ...ထတော့နော် ၄နာရီခွဲတော့မယ် ကိုတို့ မိုးပျံပူဖောင်းကြီးသွားစီးကြမယ်လေ ထတော့နောက်ကျရင်မစီးရဘဲနေမယ် "

"ဟင် အင်း အင်း ထ..ထရမယ် တော်ကြာမစီးရဘဲနေလိမ့်မယ်နော် "

သူ့ဘာသာသူအိပ်ယာထသင့်ပြီဖြစ်ကြောင်းပြန်သတိပေးပြီး ကုန်းရုန်းထလာတဲ့မေဟာ ထိုပူဖောင်းကိုတော်တော်စီးချင်နေပုံပေါ်သည်။

"ရော့ coffeeသောက်လိုက်အုံး မျက်စိကျယ်သွားအောင် "

"ဟုတ် "

မေက ရေချိုးခန်းထဲ ခေါင်းငိုက်စိုက်နဲ့ ဝင်သွားသည်မို့ ကိုယ်ကတော့ အိပ်ယာသိမ်းဖို့ လုပ်လိုက်သည်။

နောက်မှ ရုတ်တရက်သတိရလိုက်တာက
"အော်.... ငါကွာ hotel serviceရှိတာမေ့နေတယ်  အကျင့်ပါပြီး သိမ်းနေမိပြီ ထားပါတော့ ကိုယ်လုပ်ထားတော့ လုပ်တဲ့သူသက်သာတာပေါ့ "

မေရေချိုးနေတဲ့အချိန် ခန့်တည်ပိုင်မှာ ယူမဲ့ပစ္စည်းတွေသေချာစစ်ထည့်နေရသည်။ ဒီမလာခင် ဓါတ်ပုံရိုက်ဖို့cameraတစ်လုံးသီးသန့်ဝယ်လာခဲ့ကာ သူနဲ့မေ့ရဲ့ ဟန်းနီးမွန်းခရီးစဥ်လေးကို မှတ်တမ်းတင်ထားရန်အတွက်
ဖြစ်သည်။

"ကို.. ခေါင်းဘီးလေးရှာပေးပါအုံး ဒီမှာငှက်သိုက်ဖြစ်နေပြီ "

You are My Story (Complete)Donde viven las historias. Descúbrelo ahora