အပိုင်း(၄၈)

10.5K 361 62
                                    

နောက်တနေ့မနက်မိုးလင်းတဲ့အချိန်မှာတော့ စောစောထနေကြခန့်တည်ပိုင်တစ်ယောက်မျက်လုံးတောင်မဖွင့်နိုင်တော့ပါ
ဆောင်းလေအေးအေးနဲ့ မိုးစွေစွေမှာ ဝရန်တာမှာ လေသလပ်ခံထိုင်နေကြတဲ့အပြင် ညသန်းခေါင်ကျော်သည်ထိ ဧည့်ခန်းထဲမှာ အချစ်တိုက်ပွဲ နွှဲခဲ့သည်မို့ မနက်စောစော တစ်ကိုယ်လုံးပူခြစ်တောက်နေကာ အဖျားတွေတက်နေတော့သည်
မေတစ်ယောက်ကတော့ ညထဲက အအေးပတ်မှာစိုးတဲ့အပြင် တစ်ကိုယ်လုံးကိုက်ခဲနေမှုများကြောင့် ဆေးကြိုသောက်ထားခဲ့ကာ မနက်မိုးလင်းချိန်မှာတော့ ဘာမှမဖြစ်ဘဲ အေးအေးလူလူအိပ်စက်လို့နေသည်

၆နာရီ၄၅လောက်ကျ ပုံမှန်နှိုးစက်မြည်လာတာကြောင့် မေတစ်ယောက်အိပ်ရာနိုးလာတော့သည် သူ အရင်က ၈နာရီထိအိပ်ပေမဲ့ အခုတော့ပုံမှန်၆နာရီ၄၅ရအောင်ထပြီး ကို့ကို ထမင်းဟင်းချက်ဖို့ ကူပေးသည် စျေးသွားသည့်ရက်ဆိုရင်တော့ မနက်၆နာရီပြူးပြဲပြီးကုန်းရုန်းထကာ ကိုနဲ့အတူတူစျေးလိုက်သည်
ဒီနေ့မနက်မေ နိုးလာတော့ ခါတိုင်းလို လူမရှိတဲ့အိပ်ယာခင်းအလွတ်ကြီးအစား အိပ်ပျော်နေဆဲဖြစ်တဲ့ ကို့ကိုတွေ့လိုက်ရတာကြောင့် နည်းနည်းတောင်အံ့သြမိသွားသည်
"အင်းးးးး ဟင်းးးးးးး ရေ....ရေဆာတယ် "

ကယောင်ကတမ်းတွေညီးနေကာ ရေတောင်းနေတဲ့ ကို့ကြောင့် မေစိတ်ပူစွာ နဖူးကိုစမ်းကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဖျားနေပြီဖြစ်သည်

"အင်း ခဏနော် မေ ရေပေးမယ် "

"ကို ရေရပြီ "

ကို့ကိုတွဲထူလိုက်ကာ ရေတိုက်တော့
အဖျားတက်နေတာကြောင့် ရေကို အငမ်းမရသောက်နေလေသည်
ပြီးတော့ပြန်လှဲသွားကာ ငြီးနေပြန်သည်

"အဖျားတက်နေပြီ ဒုက္ခပါဘဲ ညထဲကဆေးကြိုတိုက်လိုက်ရမှာ ခုတော့ ပူခြစ်တောက်နေပြီ "

မေလဲရေချိုးခန်းထဲပြေးကာ တဘတ်တစ်ထည်ရေစွတ်ပြီး အပူကျအောင် ရေပတ်အရင်တိုက်ပေးလိုက်သည်

"ညကနောက်ကျနေပြီ ရေထပ်မချိုးပါနဲ့ပြောတာကို နားမထောင်ဘဲချိုးတာကို ခုဖြစ်ပြီ "

"အင်းးး မေ....ကိုယ်နေလို့မကောင်းဘူး "

"ဘယ်နေလို့ကောင်းမလဲ ဖျားနေပြီကို ခဏနေအုံး အင်္ကျီလဲရမယ် "

You are My Story (Complete)Место, где живут истории. Откройте их для себя