အပိုင်း(၂၅)

4.1K 52 4
                                    


ဆောင်းကနေ နွေအကူးရာသီအကူးအပြောင်းမှာ တော်တော်များများ ဖျားနာကုန်ကြသည်။ မေကိုယ်တိုင်လည်း
ဖျားပါတော့သည်။ မကျူးက အရင်နေမကောင်းဖြစ်ကာ သူမှတစ်ဆင့် မေ့ဆီကူးတာဖြစ်သည်။ ဒါပေမဲ့ မေ့မှာ သူများတွေလိုဖျားရုံနဲ့မပြီးဘဲ ရောဂါဟောင်းဖြစ်တဲ့ ရင်ကြပ်ရောဂါပါ ပြန်ပေါ်လာလေသည်။

"မမမေ မျက်မှန်ပြောင်းလိုက်တာလား ဒါလေးနဲ့ပိုလှတယ် "

"ဟုတ်လား ကျေးဇူး "
မေက screen time အရမ်းများတဲ့အခါ ဒါမှမဟုတ် အရမ်းဝေးတဲ့နေရာကိုကြည့်တဲ့အခါမျိုးမှာ မျက်မှန်မဖြစ်မနေတပ်ရသည်။
အခုတလော laptopသုံးရင် မျက်ရိုးကိုက်လာတာကြောင့် မျက်စိပြန်စမ်းတော့ ဒီဂရီတက်နေတာကြောင့် မျက်မှန်အသစ်တစ်လက် ထပ်လုပ်လိုက်ရသည်။
တက္ကသိုလ်တက်ကတည်းက လေးထောင့်မျက်မှန်ဘဲ တပ်လာခဲ့ပေမဲ့ အခုတစ်ခါတော့ ရွှေရောင်အကွပ်လေးနဲ့ မျက်မှန်အဝိုင်းလေးကို စမ်းတပ်ကြည့်လိုက်သည်။ ဟန်သာ့ကိုပုံပို့ကြည့်တော့ သူလဲ ဒီမျက်မှန်နဲ့ပိုလိုက်တယ်လို့ ပြောသည်။

"မေ ...ဟိုမှာ ရှင့်လူ "မကျူးလက်ညှိုးထိုးပြတဲ့နေရာကို
ကြည့်လိုက်တော့ ချစ်ရသူမေ့ကောင်လေးဖြစ်သည်။
ညွှန်ချုပ်က အစည်းအဝေးခေါ်တာကြောင့် ဌာနအသီးသီးက ညွှန်မှူးတွေ ဒု-ညွှန်မှူးတွေ အကုန်တက်ရသည်။
ထို့ကြောင့် ကိုလဲ အစည်းအဝေးက ပြန်လာဟန်တူသည်။
လျှောက်လမ်းက ဖြတ်သွားရင်း မေ့ကိုမျက်စိမှိတ်ပြသွားသေးသည်။
ကိုကတော့လေ .....တကယ်

နေ့လည်ထမင်းစားတော့လည်း ထုံးစံအတိုင်း ၅ယောက်စုစားဖြစ်သည်။
ချစ်ဉီးသာကိုလဲ မေအံ့သြမိသည်။ မေ့ကိုသာမကြည်ဖြူတဲ့ပုံစံနဲ့လာပြောရင် လုံးဝပတ်သက်နေမှာမဟုတ်ပါ။ဒါပေမဲ့သူကတော့ ဂရုကိုမစိုက်တဲ့ပုံပင်။  ကို ရှိနေလဲ ပုံမှန်အတိုင်းနေမြဲနေဆဲသာဖြစ်သည်။

"မေ ....တစ်ခုခုဖြစ်လို့လား မျက်နှာလဲမကောင်းဘူး "

"မေသိပ်နေမကောင်းလို့ ကိုရယ် "

"မမမေ နေမကောင်းဘူးလား ကျွန်တော့်မှာ ဆေးပါတယ် သောက်လိုက်ပါလား"

"မလိုဘူး လာ မေ ကိုယ်နဲ့ဆေးခန်းသွားကြမယ် "

"အာ အဲ့လောက်မလိုပါဘူး ကိုရဲ့
မေ မနက်က ဆေးသောက်ထားပါတယ်"

You are My Story (Complete)Dove le storie prendono vita. Scoprilo ora