မေတို့ကိုးတန်းနှစ်မှာ ထိုင်ခုံနေရာကို ထိုင်ချင်သလိုထိုင်ခွင့်မရဘဲ အဆင့်အလိုက်စီထားခဲ့သည်။ မိန်းကလေးထဲကအမှတ်အများဆုံး၃ယောက်က ရှေ့ဆုံးတန်းမှာထိုင်ရပြီး ယောက်ျားလေးထဲက အမှတ်အများဆုံး၃ယောက်ကလဲ မိန်းကလေးRollနဲ့အပြိုင်ထိုင်ရသည်။ သေချာပေါက်သူဟာ ရှေ့ဆုံးတန်းဖြစ်သလို မေဟာလဲ ရှေ့ဆုံးတန်းမှာထိုင်ခွင့်ရသည်။ မေတို့ထိုင်ခုံတွေဟာ တန်းနေခဲ့တာကြောင့် သူနဲ့ပိုနီးသလိုခံစားရသလို ဝေးနေသလိုလဲခံစားရပြန်သည်။ ကျောင်းဖွင့်စတုန်းက ပုံမှန်အတိုင်းထိုင်ခွင့်ရှိတာကြောင့် မေ့အတန်းဟာသူ့ခုံထက်နောက်ကျသည်။ သို့ပေသိမေထိုအခြေအနေလေးကိုဘဲပိုနှစ်ခြိုက်ပါသည်။
သူ့ကျောပြင်လေးကို အမြဲငေးကြည့်ခွင့်ရသောကြောင့်ပင်။ သူဟာထုံးစံအတိုင်း လည်ကတုံး လက်ရှည်အင်္ကျီအဖြူလေးကိုတံတောင်ဆစ်အထိခေါက်ကာ ဝတ်လို့ထားပြီး အစဉ်အလာမပြတ် ကတ္တီပါနက်ပြာလေးစီးလို့ထားသည်။
စာရှင်းပြချိန်များတွင် တခါတလေ စူးစိုက်နားထောင်နေတတ်သလို၊ တခါတလေကျလဲ ပျင်းရိနေပုံလေးပေါက်ကာသူသုံးနေကျLincဘောပင်အပြာလေးကိုလှည့်နေတတ်ပြန်သည် ။ သူ့ကြောင့် မေ ဘောပင်
လှည့်တတ်ဖို့အကြိမ်ကြိမ်လေ့ကျင့်ခဲ့ပါသည်။ သို့သော်မေ့တွင်ပါရမီပါဟန်မတူပါ ။ လူတိုင်းလွယ်လွယ်လုပ်နေသော ဘောပင်လှည့်ခြင်းကိုပင် မေဟာမလုပ်တတ်ခဲ့ပါ။
သူ့ကိုလွတ်လွတ်လပ်လပ်ငေးကြည့်ခွင့်ရသောထိုအချိန်များဟာ အင်မတန်ပျော်ဖို့ကောင်းခဲ့ပါသည်။ သို့သော်ယခုတော့ထိုသို့အခွင့်မသာတော့ပါ ။ ခုံချင်းတန်းနေတာကြောင့် မေ စောင်းကြည့်နေလျှင် အရမ်းသိသာသွားမည်ဖြစ်သည်။ ထို့ကြောင့်မေ့မှာ မညောင်းသောဇက်ကိုချိုးကာ သူ့ဘက်ရံဖန်ရံခါစောင်းကြည့်ရသည်။
ငေးရတာတောင် လွတ်လွတ်လပ်လပ်ငေး
ခွင့်မရှိသောမေ့ဘဝပင်....◽️◽️◽️◽️◽️◽️◽️
ထိုနေ့က မေ့ဘဝတွင် အပျော်ဆုံးနေ့လို့ပြော၍ရသောနေ့ပင်။
bioစာအုပ်များကို ဆရာမမှအမှတ်ခြစ်ပြီး နောင်နောင့်အားပြန်ဝေခိုင်းခဲ့သည်။
ထိုစဉ်က နောင်နောင် မေ့နာမည်ကိုပထမဆုံးခေါ်ခဲ့တဲ့အချိန်ဖြစ်သည် ။
ŞİMDİ OKUDUĞUN
You are My Story (Complete)
Romantizm"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...