မနက်မိုးလင်းလို့ နာရီလက်တံက ၆နာရီထိုးနေပြီဖြစ်သော်လည်း ခန့်တည်ပိုင်တစ်ယောက်မနိုးသေးဘဲ မောမောစက်စက်အိပ်ပျော်လို့နေသည်
သို့ပေသိ စောစောထနေကျသူမို့ အရမ်းနောက်မကျဘဲ ၇နာရီထိုးခါနီးအချိန်လောက်မှာတော့ လက်မောင်းတစ်ခုလုံး ထုံကျဉ်နေခြင်းနှင့်အတူ နိုးထလာတော့သည်
ခေါင်းကိုဘေးလှည့်ကြည့်လိုက်တော့ ကိုယ့်လက်မောင်းကို ခေါင်းအုံးပြီး စပရှယ်အိပ်မောကျနေသော အသဲတုံးလေးမျက်နှာကို မြင်လိုက်ရသည်
သူ့အပေါ်ခြုံပေးထားတဲ့စောင်ကိုလဲကန်ထားကာ အင်္ကျီက ဗိုက်ပေါ်တက်နေလေသည် ထို့ကြောင့် ပေါ်နေတဲ့ ဗိုက်သားလေးကို လက်နဲ့ခပ်ဖွဖွပွတ်လိုက်တော့ မျက်မှောင်ကြုံ့ပြီး သူ့ဗိုက်သူ ပြန်အုပ်ထားသည်
ခန့်တည်ပိုင်တစ်ယောက် အိပ်ယာမထသေးဘဲ မိန်းမမျက်နှာလေးကို သေသေချာချာ စိုက်ကြည့်နေသည်
ကြည့်နေရင်း နှုတ်ခမ်းပါးနေရာလေးရောက်တော့ အနည်းငယ် ခြောက်သွေ့ပြီးကွဲနေတာကို မြင်လိုက်တာကြောင့်
ကိုယ့်လျှာဖျားနဲ့ ထိုနှုတ်ခမ်းသားလေးတွေကိုဖွဖွလေးလျက်လိုက်ကာ စိုစွတ်စေလိုက်သည် ထို့နောက် အားပါသွားကာ နှုတ်ခမ်းတစ်စုံလုံးကို စုပ်ယူငုံထွေးလိုက်တော့သည်
အချိန်အတော်ကြာ နမ်းရှိုက်ပြီးမှ ပြန်ခွာလိုက်တော့ နှုတ်ခမ်းသားလေးတွေက သွေးရောင်သန်းကာခုနကလို ဖြူဖတ်ဖတ်မဖြစ်တော့ဘဲ အနည်းငယ်ရဲလို့နေသည်နိုးမလာဘဲ ဆက်အိပ်ပျော်နေသော ကောင်မလေးကို ကြည့်ပြီး ခန့်တည်ပိုင်တစ်ယောက် မျက်နှာပြောင်စွာပြောလိုက်သည်
"မေ့ နှုတ်ခမ်းခြောက်နေလို့ ကိုယ်စေတနာနဲ့လုပ်ပေးတာနော် အခွင့်အရေးယူတယ်မထင်နဲ့ အဟွင်းဟွင်း"
ထို့နောက် ထထိုင်လိုက်တော့ မြင်ကွင်းထဲ
မဖြူသော်လည်း ဝင်းဝင်းလေးဖြစ်နေတဲ့
ခြေထောက်သွယ်သွယ်လေးတွေက ဝင်ရောက်လာတော့သည်
ခန့်တည်ပိုင် ကြည့်နေရင်း ညက ထိုခြေထောက်သွယ်သွယ်လေးတွေပေါ် ကိုယ့်နှုတ်ခမ်းနဲ့ ထိကပ်ခဲ့တာကို ပြန်မြင်ယောင်လာကာ တံတွေးမြိုချမိတော့သည်
အကြည့်က ထိုမှတဆင့် အပေါ်တက်လာကာ ကိုယ့်ဘောင်းဘီအတိုကိုဝတ်ထားတာကြောင့် အတော်လေးပွနေပြီး အပေါ်ကိုလိပ်တက်နေတာကြောင့် ပေါ်နေတဲ့ ပေါင်သားဝင်းဝင်းလေးတွေကို သတိလက်လွတ်ကြည့်နေမိပြန်သည်
VOCÊ ESTÁ LENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...