အပိုင်း(၆)

12.5K 387 9
                                    

လူတိုင်းက မေသူ့ကိုယူတော့ အကုန်အံ့သြကြသည်။ အထူးသဖြင့် မေ့မိတ်ဆွေတွေပေါ့။ အချစ်ဦးကို ရင်ထဲမှာ ၁၃နှစ်လောက် နှစ်နှစ်ကာကာချစ်ခဲ့ပြီးမှ တွေ့တာ ၁နှစ်လောက်သာရှိသေးတဲ့သူ့ကိုယူလိုက်လို့
နားမလည်နိုင်ဖြစ်ကြသေးသည်။
ထိုစဥ်ကမေ့ညီမလေးက မေ့ကို​
"ကောင်းပါတယ် နင်ဝဋ်ကျွတ်သွားပြီပေါ့"လို့ပြောခဲ့သေးသည်။
"ဝဋ်"  ဝဋ်လို့တော့ မေမခံယူချင်ပါ။ မေပျော်ရွှင်ခဲ့ပါသည်။ သူ့မျက်နှာကို
ငေးကြည့်ခဲ့ရတဲ့အချိန်တိုင်း မေပျော်ခဲ့ရပါသည် ။ ဒါပေမဲ့ မေသိပ်ကိုအထီးကျန်ခဲ့ရပါသည်။

ဒါဆို ထိုလူကြီးနဲ့ကျတော့ရော ပျော်လားမေးရင် ဟင်းးး မေ သူနဲ့စတွေ့တဲ့အချိန်တုန်းကဆို ထိုလူကြီးဟာ အင်မတန်မှ အမြင်ကတ်စရာကောင်းခဲ့ပါသည်။

လွန်ခဲ့သော ၂နှစ် ~~~~~~

"ချမ်းသီရိမေ နင်က ဘာသဘောလဲဟမ်
နင်က ဒေါက်တာဆိုပြီး ငါ့လာကျောချင်တာလား ဟတ်လား "

"အခုမှ လုပ်သက်က ဘယ်လောက်ရှိသေးလို့ သတ္တိတွေအရမ်းရှိနေတာလဲ အေး အရမ်းတွေ သတ္တိရှိနေရင် သမ္မတ တက်တိုင်ပါလား တစ်ခုခုဖြစ်ရင် ရှင်းနိုင်တာလဲမဟုတ်ဘဲ အလကား ဘဝင်လေဟပ်နေတယ်"

ကိုယ် ဒု-ညွှန်မှုး ဦးနိုင်သန်းရုံးခန်းနားဖြတ်သွားတုန်း  ရုံးခန်းထဲက ဆူသံတွေကြားရလို့ကြည့်လိုက်တော့ ဦးစီးမှူးပေါက်စ ကောင်မလေးတစ်ယောက် အဆူခံနေရတာဖြစ်သည်။ အဲ့ကောင်မလေးကလဲ  ခေါင်းကိုမြေကြီးစိုက်မတတ် ငုံ့ထားကာ ပြောသမျှ ခေါင်းငုံ့ခံနေသည်။ တကယ်ဆို ဒီကိစ္စက ဒီကလေးမအမှားမှမဟုတ်တာ။ သူက သူလုပ်စရာရှိတာကို လုပ်တာဘဲရှိတယ်

သူလဲ ဘာဖြစ်လို့မှန်းမသိ အဲ့ကောင်မလေးအဆူခံနေရတာကို ဆက်မကြည့်ရက်တော့တာကြောင့် သူဝင်ပါဖို့ ဆုံးဖြတ်လိုက်တော့သည်။

"ဒေါက် ဒေါက်......
  ဆရာ ကျွန်တော် ခန့်တည်ပိုင်ပါ "

"အေး ချမ်းသီရိမေ နင့်ကိုငါစောင့်ကြည့်နေမယ် သွားတော့!!! "

ကိုယ်ကတံခါးဆွဲအဖွင့် သူမက အထွက်နဲ့ တိုက်မိတော့မလိုဖြစ်တော့သည်

You are My Story (Complete)Hikayelerin yaşadığı yer. Şimdi keşfedin