အပိုင်း(၄၃)

14.8K 330 63
                                    

မနက်မိုးလင်း ၆နာရီထိုးပြီဆိုတာနဲ့
alarmပေးစရာမလိုတဲ့ မျက်လုံးတစ်စုံက အလိုလိုနိုးလာတော့သည်
ဒီနေ့မနက်အိပ်ယာနိုးတော့လဲ ခန့်တည်ပိုင်တစ်ယောက် ရင်ဘတ်ပေါ်မှာ တစ်ခုခုဖိထားသလို ခံစားရပြန်တာကြောင့်
ငုံ့ကြည့်လိုက်တော့ တခြားမဟုတ်  ကိုယ့်မူပိုင်အလေးတုံးလေးကိုတွေ့လိုက်ရသည်
အိပ်ရေးပုတ်တဲ့ ချစ်ဇနီးလေးကို ဘေးကခေါင်းအုံးပေါ်ပြောင်းရွှေ့ အိပ်စေလိုက်ကာ
ကိုယ်တိုင်ကတော့ မနေ့ညကရေမချိုးလိုက်ရတဲ့အပြင်ဆေးတွေပါ လိမ်းထားတာကြောင့် စေးကပ်ကပ်ဖြစ်နေတဲ့ခန္ဓာကိုယ်ကို ရေအမြန်ချိုးဖို့ပြင်ရသည်

အောက်ထပ်ဆင်းလာတော့ ကန်ရေဖြည့်နေတဲ့ ဖိုးဖိုးကို တွေ့လိုက်ရသည်

"ဖိုးဖိုး "

"အေး မင်း ရေချ်ိုးမလို့လား အစောကြီးပါလားကွ "

"ဟုတ် ဖိုးဖိုး  ချွေးတွေနဲ့စေးထှိုင်းထှိုင်းဖြစ်နေလို့ "

"အေးအေး ချိုး ချိုး အဘ ရေတင်ထားတယ် အဝချိုးလို့ရတယ် ဇလားထဲဖြည့်ပေးရမလား ဒီတိုင်းချိုးမှာလား "

"ဒီတိုင်းဘဲ ချိုးလိုက်မယ် ဖိုးဖိုး "

"အေးအေး မြေးမတွေကတော့ ကန်ရေဆိုအေးလို့ မချိုးကြဘူး ခဏနေရင် သူတို့မျက်နှာသစ်ဖို့ရေခံထားရမယ် "

"ဟုတ်ကဲ့ "

ခန့်တည်ပိုင်လဲ ခေါင်းပေါ်ကနေရေတစ်ခွက်လောင်းချလိုက်တော့ တစ်ကိုယ်လုံးအေးမြသွားကာ ကြည်လင်လန်းဆန်းသွားရသည် ရေက နည်းနည်းအေးပေမဲ့ ချိုးကောင်းကာ ထပ်ခါထပ်ခါချိုးချင်စိတ်ဖြစ်စေသည်

"ကောင်လေး ဒီမှာ ဆပ်ပြာ
အဝတ်လျှော်မှာဆို  ရော့ ဒီမှာဆပ်ပြာမှုန့်ဘူး တို့တွေက ဟို အမွှေးဆီတွေ ဘာတွေတော့ မသုံးတော့ မရှိဘူးကွ "

"ဟုတ် ရပါတယ် ဖိုးဖိုး "

ခန့်တည်ပိုင်တစ်ယောက် မနေ့ကဝတ်လာတဲ့ သူ့အဝတ်တွေရော မေ့အဝတ်တွေရောတွေ့လို့ တစ်ခါတည်းယူလာခဲ့လိုက်ကာ ရေကန်ဘေး ဆောင့်ကြောင့်ထိုင်ပြီး ကန်ရေအေးအေးနဲ့ စိမ်ပြေနပြေလျှော်နေလိုက်သည်

You are My Story (Complete)Tempat cerita menjadi hidup. Temukan sekarang