အပိုင်း(၂၁)

4.5K 56 2
                                    

တနင်္ဂနွေနေ့ညနေအမှီ သင်တန်းကိုပြန်သွားရတာကြောင့် ကိုနဲ့မေ့မှာ မခွဲချင်ပေမဲ့လည်း
တာဝန်ဝတ္တရားကရှိတာကြောင့် ကိုယ်စီသင်တန်းကိုပြန်သွားကြရသည်။
သင်တန်းပြီးဖို့ကလဲ ၃ပတ်လောက်သာလိုတော့တာကြောင့် စိတ်ထဲမှာ ပျော်ရွှင်မှုက အတိုင်းမသိဖြစ်သည်။
တနေကုန် စစ်ရေးလေ့ကျင့်လိုက် စာသင်လိုက် နဲ့သာတစ်နေ့တာဟာပြီးနေသည်။
သင်တန်းမပြီးခင် စာမေးပွဲရှိတာကြောင့် ခါတိုင်းထက် စာပိုကြည့်နေရပါသည်။
ကြားထဲပိတ်ရက်များမှာလဲ ရန်ကုန်မပြန်တော့ဘဲ အောက်ဈေးလည်လိုက် စိမ်းလဲ့ကန်သာ သွားလိုက် ဘုရားဖူးလိုက်နဲ့သာ အချိန်တူတူဖြုန်းပစ်ကြသည်။

"ဘာလိုလိုနဲ့ သင်တန်းတောင်ပြီးတော့မယ်နော် မေ တို့တွေခွဲရတော့မှာပေါ့ "

"မဖူးပြောမှ ဝမ်းနည်းလာပြီ "

"ဝမ်းမနည်းပါနဲ့မေရယ် ဘဝဆိုတာဒီလိုဘဲ တွေ့ ဆုံ ကြုံ ခွဲ ကြရတာဘဲလေ တို့တြွေပန်ဆုံမှာပါ မေနဲ့ဆရာခန့်မင်္ဂလာဆောင်ရင် တို့ကိုဖိတ်ရမယ်နော် မေ့ရင်တော့လက်ဖွဲ့မရတော့ဘူးမှတ် "

"မဖူးကလဲ အဲ့လိုပြောဖို့စောပါသေးတယ်"

"တွဲတာ နှစ်တွေကြာမှ လက်ထပ်တာကောင်းတယ်ဆိုတာ မှားတဲ့ logicကြီးမေရဲ့
တွဲတာနှစ်တွေကြာပြီး တစ်ယောက်အကြောင်းတစ်ယောက်သိကြလဲ ကွဲချင်ကွဲတာဘဲ တစ်ချို့ တွဲပြီးသိပ်မကြာဘဲယူလိုက်ကြလဲ ချစ်ချစ်ခင်ခင်နဲ့မြဲနေကြတာတွေအများကြီး နောက်ပြီး တကယ်ချစ်တဲ့သူက တရားဝင်ပိုင်ဆိုင်သူဖြစ်ဖို့မစောင့်နိုင်ဘူးနော် "

"မေ ယုံကြည်ချက်မရှိဘူးမဖူး အိမ်ထောင်တစ်ခုကို မေ မတည်ဆောက်ရဲဘူး
လက်တွဲခဲ့တာ ၂ယောက်တည်းဆိုပေမဲ့ ပြိုကွဲခဲ့ရင် ထိခိုက်တာလူအများကြီး "

"မေက ဆရာခန့်ကိုမယုံဘူးလား"

"မေ ဆရာ့ကိုယုံပါတယ် မေနဲ့ဆရာ့ရဲ့ကံကြမ္မာကိုတော့မယုံရဲဘူးမဖူး
ပျော်ရွှင်ရမဲ့ကံကြမ္မာလား
တစ်ဉီးကိုတစ်ဉီးနာကျင်စေမဲ့ကံကြမ္မာလားဆိုတာ ဘယ်သူမှမသိနိုင်သလို ဘယ်အချိန်ကျမှ သိရမလဲဆိုတာလဲ ကြိုတွေးလို့မရဘူးလေ"

You are My Story (Complete)Where stories live. Discover now