အပိုင်း(၂၁)

10.8K 426 35
                                    

တနင်္ဂနွေနေ့ညနေအမှီ သင်တန်းကိုပြန်သွားရတာကြောင့် ကိုနဲ့မေ့မှာ မခွဲချင်ပေမဲ့လည်း
တာဝန်ဝတ္တရားကရှိတာကြောင့် ကိုယ်စီသင်တန်းကိုပြန်သွားကြရသည်။
သင်တန်းပြီးဖို့ကလဲ ၃ပတ်လောက်သာလိုတော့တာကြောင့် စိတ်ထဲမှာ ပျော်ရွှင်မှုက အတိုင်းမသိဖြစ်သည်။
တနေကုန် စစ်ရေးလေ့ကျင့်လိုက် စာသင်လိုက် နဲ့သာတစ်နေ့တာဟာပြီးနေသည်။
သင်တန်းမပြီးခင် စာမေးပွဲရှိတာကြောင့် ခါတိုင်းထက် စာပိုကြည့်နေရပါသည်။
ကြားထဲပိတ်ရက်များမှာလဲ ရန်ကုန်မပြန်တော့ဘဲ အောက်စျေးလည်လိုက် စိမ်းလဲ့ကန်သာ သွားလိုက် ဘုရားဖူးလိုက်နဲ့သာ အချိန်တူတူဖြုန်းပစ်ကြသည်။

"ဘာလိုလိုနဲ့ သင်တန်းတောင်ပြီးတော့မယ်နော် မေ တို့တွေခွဲရတော့မှာပေါ့ "

"မဖူးပြောမှ ဝမ်းနည်းလာပြီ "

"ဝမ်းမနည်းပါနဲ့မေရယ် ဘဝဆိုတာဒီလိုဘဲ တွေ့ ဆုံ ကြုံ ခွဲ ကြရတာဘဲလေ တို့တွေပြန်ဆုံမှာပါ မေနဲ့ဆရာခန့်မင်္ဂလာဆောင်ရင် တို့ကိုဖိတ်ရမယ်နော် မေ့ရင်တော့လက်ဖွဲ့မရတော့ဘူးမှတ် "

"မဖူးကလဲ အဲ့လိုပြောဖို့စောပါသေးတယ်"

"တွဲတာ နှစ်တွေကြာမှ လက်ထပ်တာကောင်းတယ်ဆိုတာ မှားတဲ့ logicကြီးမေရဲ့
တွဲတာနှစ်တွေကြာပြီး တစ်ယောက်အကြောင်းတစ်ယောက်သိကြလဲ ကွဲချင်ကွဲတာဘဲ တစ်ချို့ တွဲပြီးသိပ်မကြာဘဲယူလိုက်ကြလဲ ချစ်ချစ်ခင်ခင်နဲ့မြဲနေကြတာတွေအများကြီး နောက်ပြီး တကယ်ချစ်တဲ့သူက တရားဝင်ပိုင်ဆိုင်သူဖြစ်ဖို့မစောင့်နိုင်ဘူးနော် "

"မေ ယုံကြည်ချက်မရှိဘူးမဖူး အိမ်ထောင်တစ်ခုကို မေ မတည်ဆောက်ရဲဘူး
လက်တွဲခဲ့တာ ၂ယောက်တည်းဆိုပေမဲ့ ပြိုကွဲခဲ့ရင် ထိခိုက်တာလူအများကြီး "

"မေက ဆရာခန့်ကိုမယုံဘူးလား"

"မေ ဆရာ့ကိုယုံပါတယ် မေနဲ့ဆရာ့ရဲ့ကံကြမ္မာကိုတော့မယုံရဲဘူးမဖူး
ပျော်ရွှင်ရမဲ့ကံကြမ္မာလား
တစ်ဦးကိုတစ်ဦးနာကျင်စေမဲ့ကံကြမ္မာလားဆိုတာ ဘယ်သူမှမသိနိုင်သလို ဘယ်အချိန်ကျမှ သိရမလဲဆိုတာလဲ ကြိုတွေးလို့မရဘူးလေ"

You are My Story (Complete)Where stories live. Discover now