ဘာလိုလိုနဲ့မေတို့သင်တန်းတက်တာတောင် ၃ပတ်ခန့်ရှိပြီဖြစ်သည်။
၁လပြည့်ရင်တော့ Out passထွက်ခွင့်ရပြီဖြစ်တာကြောင့် ဒီတစ်ခေါက် ပိတ်ရက်ကို မေ ရန်ကုန်ကိုသွားကာ အငယ်မကို သွားကြည့်ရအုံးမည်ဖြစ်သည်။ သူက တက္ကသိုလ်ကျောင်းသူဘဲရှိသေးတာမို့ မေကအိမ်ကလူကြီးတွေအစား ၁လ ၁ခါလောက်တော့ သွားတွေ့ ကာလိုအပ်တာ
ဖြည့်စည်းပေးရသည်။"ဆရာရော ခွင့်ရက် အိမ်ပြန်မလားမသိဘူး"
"ဆရာခန့် အကြောင်းတွေးနေတာလား ကောင်မလေး "
"အာ မဖူး "
"မရှက်ပါနဲ့တော် ကိုယ်တွေလဲ ဒီအရွယ်ကတက်လာတာပါ မေတို့အခြေအနေကိုရိပ်မိပါတယ်နော်"
မဖူးနဲ့ မေကအခန်းချင်းဘေးချင်းကပ်လျက်ဖြစ်ပြီး မဖူးကဆည်မြောင်းက ဦးစီးအရာရှိတစ်ယောက်ဖြစ်သည် ။အသက်၄၀ရှိပြီဖြစ်ပြီးသဘောေကာင်းပြီးအင်မတန် ဖော်ရွေတဲ့အပျိုကြီးမမပင်။
"မဖူးထင်သလိုမဟုတ်ပါဘူး မေနဲ့ဆရာကမိတ်ဆွေတွေပါ "
"မိတ်ဆွေ ဟုတ်လားမေကတော့ မသိချင်ယောင်ဆောင်နေတော့တာပဲဆရာတော့သနားပါတယ် "
" မေ ဘယ်လိုနေရမလဲ မသိဘူးမဖူး
ကိုယ့်ကိုစိတ်ဝင်စားနေတာလား အဲ့ဒါကရောအတည်လား အဲ့လိုဆိုရင်ကော မေဘယ်လိုတုန့်ပြန်ရမလဲ မေမသိဘူး မဖူး ""မေက ရိုးတာကို အဲ့လိုရိုးလွန်းလို့ ဆရာက အကဲပိုနေရတာပေါ့ "
"မဖူးနော် "
"တကယ်ပြောတာ မေရဲ့"
"ဆရာခန့်က မေ့ကိုအတော်လေးဂရုစိုက်ရှာတာနော်မေ အရွေးမမှားနဲ့
ချစ်တယ်ဆိုတာ လူတိုင်းချစ်တတ်ပေမဲ့ ဂရုစိုက်တာက လူတိုင်းမလုပ်နိုင်ဘူးမေရဲ့
ဟိုမှာကြည့် ပြောနေရင်းတောင်လာပြီ "မဖူးမေးငေါ့ပြရာကိုကြည့်လိုက်တော့ထမင်းချက်အန်တီကြီးက လှမ်းခေါ်နေတာကြောင့် အောက်ထပ်ကိုပြေးဆင်းကာ အမြန်သွားယူရသည်။
အမေက အသက် ၅၉နှစ်ရှိပြီဖြစ်တာကြောင့် ဖောင်ကြီးကိုဟင်းလာပို့ခိုင်းဖို့အားနာလို့ အဆင်ပြေသလိုဘဲစားလိုက်မယ်တွေးထားပေမဲ့ ပိတ်ရက်တိုင်း ချိုင့်နဲ့အပြည့် ဟင်းတွေအမြဲရသည်။ ပို့ခိုင်းသူကတော့ ဆရာဘဲဖြစ်သည် ။ ပြီးရင်တော့ ထုံးစံအတိုင်း
ဖုန်းဆက်အတည်ပြုလေ့ရှိသည်။
VOCÊ ESTÁ LENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...