အပိုင်း(၄၁)

12K 309 22
                                    

မနက်မိုးလင်းတော့ တစ်အိမ်လုံး အေးအေးချမ်းချမ်းရှိသော်လည်း ချမ်းသီရိမေတို့ညီအစ်မနှစ်ယောက်ကတော့ ကမ္ဘာပျက်နေကြတော့သည်။ သောက်တဲ့အချိန်တုန်းက ပျော်ပျော်ရွှင်ရွှင်သောက်ခဲ့တာကြောင့် အခုတော့ပျော်ပျော်ကြီးခံနေရပြီဖြစ်သည်။ တစ်ယောက်က အိမ်သာထဲ ပြေးထိုးအန်နေပြီး နောက်တစ်ယောက်က ရေချိုးခန်းဘေစင်မှာ သွားအန်နေတော့သည်။ နှစ်ယောက်လုံးက သောက်တဲ့အချိန်ဆို ရုပ်ပျက်အောင်မမူးသွားကြဘဲ ခံနိုင်ရည်ရှိကြပေမဲ့ နောက်တနေ့မနက်ကျရင်တော့ သေလုအောင်ခံရတော့သည်။
ညီအစ်မနှစ်ယောက်လုံးကိုယ်စီထွက်လာတော့ မျက်နှာတွေရှုံ့တွနေကြသည်။

"အဲ့​ဒါ နင့်ကြောင့် နင်သာအဲ့ဒီကိုခေါ်မသွားရင် ဒီလိုဖြစ်မှာမဟုတ်ဘူး ဒီနေ့ကမင်္ဂလာဆောင်နေ့ကြီးကို ငါ့နှယ်သေချင်တယ် "

"အမယ် နင်လဲသဘောတူလို့ သွားတာလေ ဟိုကျ ငါက နင့်ပါးစပ်ထဲ အတင်းထိုးထည့်နေလို့လား ကိုယ့်ဘာသာကိုယ် အချိုရည်တောင်မရောဘဲ သောက်ပြီးတော့များ သေလေ "

"အေး သေချင်နေပြီဟေ့ ခေါင်းကလဲချာချာလည်နေတယ် အန်ချင်တာမှလဲ ပြောမနေနဲ့ရေတောင်မသောက်ရဲတော့ဘူး

ထိုစဥ်

" ဒေါက်..... ဒေါက် ဟို နှစ်ကောင် ခုချိန်ထိ မထသေးဘူးလား မနက်စာစားဖို့ လူကြီးတွေစောင့်နေပြီ ထွက်လာခဲ့ကြ"

"ဟယ် မနက်စာတဲ့ ဇွန်လေးရယ် ငါငိုချင်တယ်"

"ငါပြောတာ ကြားကြလား "

ပြန်မဖြေမချင်း အော်နေတဲ့မာမီမားသားကြောင့် လူကမထဘဲ အသံဘဲပြန်ပေးလိုက်တော့သည်။

"ဟုတ် လာပြီ "

"ငါစားချင်စိတ် မရှိဘူး အော်ကလီဆန်နေတယ် ဟန်သာရယ်"

"ငါလဲ တူတူဘဲ ဒီတိုင်း မသွားဘဲနေကြမယ်လေ "

"အဲ့လိုမရဘူးလေ ဘာလို့လာမစားကြတာလဲ နေမကောင်းလို့လားဆို ဘယ်လိုဖြေကြမတုန်း "

"အရက်နာကျနေလို့ပါပေါ့ "

"ရူးနေလား ကောင်မရဲ့ တစ်ဆွေလုံးတစ်မျိုးလုံးရှေ့ ကိုယ့်သိက္ခာကိုယ် ချသလိုဖြစ်မှာပေါ့ လာ မစားချင်လဲ သွားကြမယ် "

You are My Story (Complete)Where stories live. Discover now