ဒီနေ့မနက်အစောကြီးထ ရေမိုးချိုးပြီး မိတ်ကပ်ပြင်ဖို့အတွက်မေ့မှာ ဘေးအခန်းကို ကြွမြန်းရသည်။
အစ်မတော်မဟန်သာက သူပြင်ပေးမယ်လို့ပြောတာကြောင့် ဘဝမှာပထမဆုံးအကြိမ် မနက်၅နာရီခွဲကြီး ရေထချိုးကာ သူ့အခန်းကိုသွားရသည်။ ကိုယ်ကသာ စောစောစီးစီး ကန်ရေအေးအေးကြီးကို ချိုးပြီးသော်လည်းမယ်မင်းကြီးမကတော့ မထသေးပါ။ ဝမ်းယားမှောက်ကြီး ခြင်ထောင်ထဲမှာ သေနေလေသည်။"ဟဲ့ အငယ်မ ထတော့ ငါ့ကိုမိတ်ကပ်လိမ်းပေးအုံး ဟဲ့ ထလို့ ပြင်တာဆင်တာကကြာမှာ တော်ကြာနောက်ကျနေမယ်"
"ဟာ အိပ်နေတာကို ဘာလို့လာဆူနေတာလဲဟာ"
"နင်မှမထသေးတာ ထ ထဆက်မအိပ်နဲ့တော့ငါ့ကိုပြင်ပေးအုံး "
"နင့်ဘာသာလိမ်းပါလားဟာ"
"ဟဲ့ မနေ့က နင်ဘဲပြင်ပေးမယ်ဆို
ငါမှမလုပ်တတ်တာကို ထပါဟာ ""ဟာ......ငါအိပ်ချင်သေးတယ်ဟာ
နင့်ဟာမိုးတောင်မလင်းသေးဘူး
ကိုယ့်ဘာသာကိုယ် ရှင်မတောင်သာသွေးလိမ်းလိုက်ဟာ""ဟယ် နင်ကလဲသနပ်ခါးတော့မလိမ်းချင်ဘူးဟယ် လုပ်ပါ ငါမလုပ်တတ်လို့ပါဟာ
ပြီးမှ ပြန်အိပ်လေနော် ""အားးးး စိတ်ညစ်တယ် စိတ်ညစ်တယ်
နင်လဲမြန်မြန်လင်ယူပြီးမှဘဲ အေးမယ်
တကယ်ကောင်းကျိုးကိုမပေးဘူး သူများအိပ်နေတာကို သွား ငါ့ကို ကော်ဖီသွားဖျော်ပေး
မဟုတ်ရင် ငါမျက်လုံးဖွင့်မရဘူး""အေးပါအေးပါ ငါသွားဖျော်လိုက်မယ်နော်"
"ဟဲ့ သကြားတစ်ဇွန်းနော် နို့ဆီတွေထည့်မလာနဲ့ ရေလဲနည်းနည်းထည့် နင်ဖျော်ပေးရင်နွားမဒန်းသေးရည်လိုဘဲ ကျဲတောက်လို့
ကော်ဖီတောင် ကောင်းကောင်းမဖျော်တတ်ဘဲ သူကျ လင်ရတယ် ငါကျ မရဘူး ""အမလေး နင်ကလိုချင်ရင်အချိန်မရွေးခေါင်းခေါက်ယူလို့ရတယ် "
"အေးခက်တာကခေါက်စရာ ခေါင်းကိုမရှိဘူး "
အငယ်မက ကော်ဖီကိုအရမ်းကြိုက်တဲ့သူဖြစ်ကာ မနက်တစ်ခွက် ညတစ်ခွက် သောက်လာတာ သူ၈တန်းလောက်ကတည်းကဖြစ်သည်။ ထို့ကြောင့် ကော်ဖီအရမ်းကြိုက်တဲ့ချစ်ညီမလေးကို မတ်ခွက်ကြီးနဲ့ ကော်ဖီမစ်နှစ်ထုပ်ထည့်ကာ သကြားက၂စွန်း ရေနွေးနည်းနည်းထည့် နောက်ရေအေးထည့်ရောမွှေလိုက်သည်။ မဂျီးများက ပူနေရင်စောင့်ရလို့မကြိုက် တန်းသောက်လို့ရမှ ကြိုက်တာကြောင့် ရေအေးရောပေးရသည်။
VOCÊ ESTÁ LENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...