အပိုင်း(၄၀)

11.3K 378 41
                                    

မေမေနေပြည်တော်မှာ နေတဲ့အချိန်အတွင်း
ကိုရယ် မေရယ် မေမေရယ် အတူတူလျှောက်လည်ကြသည်။ နေပြည်တော်မှာရှိသမျှ လည်စရာပတ်စရာ အကုန်မေမေ့ကိုလိုက်ပို့ကြသည်။
မေမေက သူ့သမက်ကိုကြွားချင်လို့
၃ယောက်ဓာတ်ပုံလေးတွေရိုက်ပြီး Fbပေါ်တင်သေးသည်။ Captionက သမီးအရင်းသွေးအန်စရာပင်။
"သမက်ချောအလိမ္မာလေးတဲ့ "
မေ့မှာ ပြောစရာ စကားတောင်မရှိဘဲ ဆွံ့အသွားရတော့သည်။ ထိုသမက်အလိမ္မာလေးကို ရအောင်ရှာယူထားတာ ဒီသမီးမိုက်ဆိုတာကို မေ့နေပုံရသည်။
မေ့မွေးနေ့က ဒီနှစ် စနေနေ့ကျတာကြောင့်
ပိုအဆင်ပြေသွားသည်။ မဟုတ်ရင် ခွင့်ရက်ပိုယူနေရမည်ဖြစ်သည်။
ဒီလေးငါးရက်အတွင်း ကိုခန့်တည်ပိုင်တို့ ယောက္ခမဆီက အမှတ်တွေလှိမ့်ယူဖို့တွေးထားပုံရသည်။ နေ့တိုင်း ဟင်းတွေချက်ကာ
ချိုင့်နဲ့ လာလာပို့သည်။ မနက်ဆိုလဲ မနက်စာဝယ်ပြီး လာပေးသေးသည်။
အဲ့ဒါကြောင့် အမေတစ်ယောက် သား ဆိုတာ ပါးစပ်ကကိုမချတော့ပါ။

သောကြာနေ့ကို ခွင့်ယူပြီးကြာသပတေးနေ့
ညနေတည်းက ၃ယောက်သား မန္တလေးကို ဆင်းလာကြသည်။
သိပ်မဝေးတဲ့ခရီးမို့ ညနေမှောင်ရီပျိုးချ်ိန်လောက် မန္တလေးကို ရောက်ကြသည်။
မန္တလေးကအိမ်မှာတော့ မေမေနဲ့ ဖေဖေအပြင် ကို့ အမေဘက်က အဖိုးနဲ့ ဦးလေးတွေလဲ ရောက်လို့နေသည်။
ကို့အဖေဘက်ကတော့ မိဘတွေမရှိတော့ဘူးဟု ကြားဖူးသည်။

" ဖိုးဖိုး "
ကိုက အိမ်ထဲဝင်တာနဲ့ သူ့အဖိုးဆီပြေးသွားကာနှုတ်ဆက်တော့သည်။

"အေး အေး ငါ့မြေးကြီး နေကောင်းရဲ့လား "

"ကောင်းပါတယ်ဖိုးဖိုး
ဖိုးဖိုးကတော့ဒေါင်ဒေါင်မြည်ဘဲမလား "

"ဒါပေါ့ကွ ဒါနဲ့ မင်းမိန်းမရော ဘယ်မတုန်း "

"ဗျာ...."
အဖိုးရဲ့ ဒဲ့ထိုးကြီးပြောချလာတဲ့အခေါ်အဝေါ်ကြောင့် မေ့မှာ ရယ်ရမလိုငိုရမလိုပင်။

"ဟာ ဖိုးဖိုး အဲ့လိုကြီးမခေါ်နဲ့အုံးလေ
နည်းနည်းစောင့်ရအုံးမယ် စနေ့နေ့ကျမှ ခေါ်လို့ရမှာ "

"ဟေ အဲ့လိုလား အဲ့ဆို မင်းကောင်မလေးပေါ့ သူက ဟိုမှာရပ်နေတဲ့ မိန်းကလေးလား "

You are My Story (Complete)Место, где живут истории. Откройте их для себя