Part 4 [ Zawgyi ]

6.2K 113 6
                                        

ကလပ်က ပြန်အလာ မြူး ၃ရက်လောက်ဖျားသွားပြီး ယနေ့မှ နလန်ထူတာမို့ လူကနုံးချိချိ။ မာမီလည်း ၃ရက်လုံးမနားရပဲ မြူးအနားမှာ ညအိပ်ညနေစောင့်နေပေးသည်၊ မြူးကို အမြဲစနေကျ ၊ ချစ်ကြောင်းသိပ်ထုတ်မပြတတ်တဲ့ ဒယ်ဒီကလည်း ခနခနအပေါ်တတ်လာကြည့်ကာ စစ်ဆေးတတ်သည်၊ အိမ်​ထောင်သက်အတော်ကြာမှရလာတဲ့ တဦးတည်းသောသားမို့ စိတ်ပူကြရှာသည်။

ကလပ်ကကိစ္စကိုဒယ်ဒီနဲ့မာမီ မသိစေရန် အလင်းနဲ့မိုးသားကို ကြိုပိတ်ထားရသည်။ သူတို့နှစ်ယောက်လည်း မြူးဖျားတဲ့ ၃ရက်လုံး မနားရရှာပါ။ ဘာစားချင်လဲ ဘာဝယ်ပေးရမလဲ တချိန်လုံး လိုက်မေးပြီး အားတာနဲ့ ဝယ်ကာရောက်လာကြသည်။

အလင်းဆို ကလပ်ထဲကထွက်ပြီး ကားပေါ်တတ်ကြတော့ မြူးကိုဖက်ထားပြီး အော်ငိုသည်။ မြူးမှာ ကိုယ့်ဟာကို လန့်နေရတဲ့ကြားထဲ အလင်းကိုပါထိုင်ချော့နေခဲ့ရတဲ့ ကိုယ့်အဖြစ်
ကိုရယ်ချင်ချင်။

မိုးသားကတော့လူကြီးဆန်ပြီး တော်ရုံမငိုတတ်။ မငိုပေမဲ့
ပြာပြာသလဲ ဂရုစိုက်ပေးသည်။ ဒီလိုနွေးထွေးတဲ့ ရပ်ဝန်းလေးထဲ နေခွင့်ရလို့ ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့
တွေးမိတာအခါခါ။

- ဒေါက် ​ဒေါက်

'' မာမီပါ သားငယ် ''

'' ဟုတ် ဝင်ခဲ့လေ မာမီ ''

'' နေရတာအဆင်ပြေရဲ့လား အယ် ဘာလို့ရေတွေချိုးလိုက်တာလဲ အအေးပြန်ပတ်တော့မှာပဲ ''

'' ဟီး ရေမချိုးတာ ၃ရက်တောင်ရှိပြီလေ မာမီကလည်း ဘာမှမဖြစ်ပါဘူး သားခန္ဓာကိုယ် သားသိပါတယ် မာမီရဲ့ စိတ်ချ ''

'' ဟင်း ပြောတာပဲ ပြီးရင် ဖြစ်လိုက်ရင် အသည်းအသန်ချည်းပဲ
နေဦး ဒီအနွေးထည်လေး ထပ်ဝတ်လိုက် ''

မာမီကနေ ဗီရိုထဲကနေ ခပ်ထူထူအနွေးထည်တစ်ထည်ကို ထုတ်လာကာ မြူးဝတ်ထားတဲ့ အပြာရောင် pajama
လေးပေါ်ကနေ ထပ်ဝတ်ပေးသည်။

'' မာမီ အောက်မှာ ကြက်ပေါင်းလေးလုပ်ထားတယ် သားကြိုက်တဲ့ ဂျုံပြားခေါက်ဆွဲတွေပါထည့်ပေးထားတာ လာ သား ဒယ်ဒီကလည်း ပြောစရာရှိလို့တဲ့ အောက်မှာစောင့်နေတယ် ''

Agent of JoyOnde histórias criam vida. Descubra agora