Part 26 [ Unicode ]

13.4K 748 0
                                    

ဆိုင်ဖွင့်တာ ပြောတော့သာလွယ်တာ တကယ်တမ်းကျ အတော်ပန်း၏ ။ ဒါတောင် အလင်းနဲ့ စပ်တူဖွင့်ထားလို့သာ ခံသာနေတာဖြစ်သည်။ ဆ်ုင်က ပြန်ရောက်ရောက်ချင်း ရေမိုးချိုး အဝတ်စားလဲကာ တချိုးတည်းအိပ်ပစ်လိုက်သည်။

နိုးလာတော့ အချိန်က ၇နာရီ။ လာမနှိုးနဲ့လို့ပြောထားတာကြောင့် မာမီရော ဒေါ်မြကရော လာမနှိုး။ Smile ကလည်း သူ့အိပ်ရာသူ မအိပ်ပဲ မြူးဘေး တိုးဝှေ့အိပ်နေတာ အခုထိ မနိုးသေး။ ဗိုက်ပူကြီးကို ပုတ်လိုက်တော့ မျက်လုံးတစ်ဖက်ဖွင့်ကာ တချက်အော်ပြီး ပြန်အိပ်သွားသည်။ အစားလည်းပုတ်၊ အအိပ်လည်းပုတ် မွေးထားတာ ကြောင်လား ဝက်လားကိုမသိတော့။

လန်းသွားအောင် မျက်နှာသစ် ၊ ခြေထောက်ဆေးပြီးတာနဲ့ အောက်ထပ်ကို ဆင်းခဲ့သည်။ ဒယ်ဒီ့ ခြေဖမိုးတတ်အိပ်နေတဲ့ Cheese က မြူးကိုမြင်တော့ ပြေးလာသည်။ Cheese ကိုပွေ့ချီလိုက်ပြီး ဒယ်ဒီ့ဘေးဝင်ထိုင်လိုက်သည်။

'' မာမီရော ဒယ်ဒီ ''

'' သားနိုးလာရင် စားဖို့တဲ့ ဖက်ထုပ်ပေါင်းနေတယ် ''

မြူး ပျော်ရွှင်စွာနဲ့ မီးဖိုခန်းထဲဝင်လာခဲ့တော့ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေသော မာမီနဲ့ ဒေါ်ပုကို မြင်လိုက်ရသည်။

'' မာမီ ''

'' သားငယ် နိုးလာပြီလား ဒီမှာ ဖက်ထုပ်ကလည်းကျက်နေပြီ
အဆင်သင့်ပါပဲရှင့် စားတော့မလား ''

'' စားမယ် မာမီ မွ ''

မာမီ ပါးပြည့်ပြည့်ကြီးကို နမ်းလိုက်ပြီး ခုံတခုံဆွဲကာ ဝင်ထိုင်လိုက်သည်။ Cheese ကိုလည်း သူ့အစာခွက်လေးထဲ ဖက်ထုပ်၅ခုလောက် ဒေါ်ပုကထည့်ပေးလိုက်တာမို့ စားနေပြီ။ Smile အတွက်လည်း နိုးလာတဲ့အချိန်စားရအောင် သူ့အစာခွက်ထဲ ထည့်ပေးထားလိုက်သည်၊

'' မာမီတို့ရော မစားဘူးလား ''

'' မာမီတို့က ထမင်းစားပြီးပေါ့ ဒါကသားအတွက်သီးသန့််လုပ်ပေးတာ ''

'' ကျေးဇူးတင်ပါတယ် မာမီ ''

'' မလိုပါဘူးရှင် ကျေးဇူးတင်ရင် ကုန်အောင်စား ဟုတ်ပြီလား ''

'' ဟုတ်ကဲ့ပါဗျ ''

မာမီက မြူးပါးတစ်ဖက်ကိုဆွဲကာ မီးဖိုခန်းထဲက ထွက်သွားသည်။ ဒေါ်ပုကလည်း ဒီအချိန် ဒရာမာကြည့်နေကျမလို့ သူ့အခန်းထဲဝင်သွားပြီ။

Agent of JoyOù les histoires vivent. Découvrez maintenant