Married Life [ Unicode ] 🚨

17.3K 701 14
                                        

နေရောင်စူးစူးက မျက်နှာတည့်တည့်လာထိုးတာကြောင့် ခက်ထည်မျက်မှောင်ကြုတ်ပြီးထလိုက်သည်။ ဘေးနားက ကောင်လေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း။ လွတ်နေတဲ့ လိုက်ကာစကို လုံအောင်ဆွဲစိလိုက်ပြီး ဘယ်ဘက်လက်မောင်းပေါ်က ကိုယ်လေးကို အသာဆွဲယူလိုက်သည်။

နှဖူးပြေပြေလေးကိုအသာစမ်းကြည့်တော့ အဖျားတော့မရှိ။ တဝက်သာခြုံထားတဲ့ စောင်အနက်ရောင်အောက်မှာ အနီရောင်အမှတ်အသားရာတွေနဲ့ ခန္ဓာကိုယ်နုနုက ထွေးပိုက်ထားချင်စရာ။

- ရွှတ်

ဖောင်းနေတဲ့ ပါးလေးကို ဖိကပ်နမ်းလိုက်တော့ အသာလှုပ်ခတ်သွားတဲ့ မျက်ခွံလေးတွေကိုကြည့်ရင်း ခက်ထည်ကြိတ်ပြုံးလိုက်၏ ။ အိပ်ချင်ယောင်ဆောင်နေတဲ့ အကောင်လေးကို စချင်စိတ်နဲ့ စောင်လေးကိုအသာဆွဲလှပ်လိုက်ကာ ဗိုက်သားနုနုပေါ်လက်ချမိတော့ ခက်ထည်လက်ကိုအလျင်အမြန်ဆွဲဖမ်းလာတဲ့ လက်ကလေး..

'' အွန်း ကိုကို့! ''

'' အဟက် မိပြီ ''

ပါးခွက်နက်နက်တွေပေါ်အောင်ပြုံးနေတဲ့ သူကြီးကို မြူးမျက်စောင်းထိုးလိုက်ကာ ထထိုင်လိုက်သည်။ ထိုင်ထိုင်ချင်းမှာပင် ဆစ်ခနဲ နာသွားတဲ့ ခါးကြောင့် မြူး မျက်နှာမဲ့လိုက်သည်ထင်၏ ။ ကိုကိုက ချက်ချင်း မြူးခါးကိုလှမ်းကိုင်လိုက်ပြီး

'' အရမ်းနာနေလား ခနလေး ''

ပြောပြောဆိုဆိုနဲ့ မတ်တပ်ထရပ်လိုက်တဲ့သူကြောင့်မြူး အလန့်တကြား မျက်လုံးမှိတ်လိုက်၏ ။

'' ဟာ ကိုကို! ''

'' ဟားဟားဟား ဘာလို့အဲ့လောက်ရှက်နေတာလဲ ကလေးလေး ဟမ် ''

ကိုကိုက မြူးတစ်ကိုယ်လုံးကိုဆွဲမလိုက်ပြီး ရေချိုးခန်းဆီ ဦးတည်လိုက်သည်။ နှစ်ယောက်လုံးကိုယ်မှာ အဝတ်မကပ်နေကြတာကြောင့် မြူးမျက်နှာတခုလုံး ပူထူလာပြီး ကိုကို့လည်တိုင်နားမျက်နှာအပ်လိုက်သည်။ ကိုကို့ဆီက ရယ်သံခပ်သဲ့သဲ့ကိုကြားလိုက်ရတော့ ပိုတောင်ရှက်လာသလို။

အတူရှိလာတာ နှစ်လပြည့်တော့မှာပေမဲ့ မနေ့ညကမှ မင်္ဂလာဦးဖြစ်ခဲ့ကြတာ။တကယ့် မင်္ဂလာဦးညမှာတုန်းက မြူးရဲ့ပထမဆုံးကို ပြီးစလွယ်ယူလိုက်တဲ့အတွက် အားနာကြောင်း ကိုကိုက တဖွဖွပြောခဲ့သည်။ ထိုညက မြူးတစ်ကိုယ်လုံးကို ကိုကိုကလက်ဖျားနဲ့တောင်မထိခဲ့ပဲ အနမ်းတွေနဲ့သာ တညတာလုံး ခြုံလွှမ်းစေခဲ့သည်။

Agent of JoyМесто, где живут истории. Откройте их для себя