Part 18 [ Unicode ]

15.4K 861 28
                                        

'' ဟာ ငါ ဦးနဲ့သိပါတယ်ဆို လူလိုပြောနေတာ နားမလည်ကြဘူးလား ''

'' ဝန်ထမ်းကတ်မပါရင် ဒါမှမဟုတ် appointment မယူထားရင် ဝင်ခွင့်မရှိလို့ပါရှင် တောင်းပန်ပါတယ် ''

reception က ကောင်မလေးရဲ့အပြောမှာ Ian စိတ်ပျက်စွာနဲ့ ဆံပင်တွေကိုဆွဲဖွာလိုက်၏ ။ ဟိုတခေါက်လာတုန်းက ဦးအလာကို စောင့်ပြီး ကပ်လိုက်လာတာမို့ ဘယ်သူမှဘာမှမပြောကြ။

ဒီနေ့လည်း အလည်ထပ်လာတဲ့အချိန်ကျတော့ ဝင်လို့မရပါဆိုပြီး တားနေကြပြန်သည်။ တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်။ ဦးဆီဖုန်းဆက်ရအောင်ကလည်း ဖုန်းနံပါတ်ကမသိ။

ရုတ်တရက် Ian ဘေးနားကိုရောက်လာတဲ့ကောင်လေးတစ်ယောက်။ ငွေမှင်ရောင်ဆံနွယ်တွေနဲ့ အရပ်ကသူနဲ့မတိမ်းမယိမ်း။ ထိုကောင်လေးကို မြင်တော့ reception က ကောင်မလေးက အရိုအသေပြုသည်။

'' မင်္ဂလာပါရှင် ဘာများကူညီပေးရမလဲ မသိဘူးရှင် ''

'' ဦးခက်ထည်မာန်ဝင့်ဆီလာတာ ''

'' ဟုတ်ကဲ့ပါ ကြိုတင်ချိန်းဆိုထားတာများရှိလားရှင့် ''

'' ကျွန်တော့်နာမည် ရယ်မြူးသာ ပါ ''

ထိုကောင်လေးကသူ့နာမည်ပြောလိုက်တော့ ကောင်မလေးက တချက်အံ့သြသွားဟန်တူသည်။ ပြီးမှ

'' အကို ရယ်မြူးသာနော် ဟုတ်ကဲ့ တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပါ့မယ်ရှင် ''

ထို့နောက် ဝန်ထမ်းကောင်လေးတစ်ယောက်ထွက်လာကာ ငွေရောင်ဆံပင်တွေနဲ့ ကောင်လေးကို ရှေ့ကလမ်းပြသွားတာကို တွေ့လိုက်ရတော့ Ian မကျေနပ်စွာ တောက်ခေါက်လိုက်ပြီး သူ့ရှေ့ကကောင်မလေးကို ပြောလိုက်သည်။

''သူကျရပြီး ဘာလို့ငါ့ကျမဝင်ခိုင်းတာလဲ ''

'' သူက Boss ရဲ့ ကောင်လေးပါရှင့် ''

'' ဘာ! ''

ခုနက ကောင်လေးက ဦးနဲ့သတင်းတွေတတ်တဲ့ ကောင်လေးပေါ့။ Ian နည်းနည်းတော့ မာနထိခိုက်သလို ခံစားလိုက်ရသည်။ တောက်လျှောက် သိလာတဲ့သူက ဦးရဲ့ company ကိုဝင်ခွင့်မရသေးတဲ့အချိန်မှာ ထိုကောင်လေးကတော့ နာမည်လေးပြောရုံနဲ့ အရာရာအဆင်ပြေသွားသည်ပေါ့။

Agent of JoyOù les histoires vivent. Découvrez maintenant