Married Life - 4 [ Unicode ]

12.7K 629 20
                                        

သောကြာနေ့ကိုရောက်ပြီဖြစ်သောကြောင့် စံအိမ်သို့ပြန်ခဲ့ရသည်။ ကိုကိုက စံအိမ်ကိုပြန်တိုင်း သူကိုယ်တိုင် ဘယ်တော့မှ ကားမမောင်းဘဲ မြူးနဲ့တူတူနောက်ခန်းမှာထိုင်လေ့ရှိသည်။ တစ်ခါက ကားမမောင်းရတဲ့အကြောင်းအရင်းကို မြူးမေးဖူးသည်။ ''ကိုယ်ကားမောင်းနေတုန်း မြူးငယ်ကိုသေချာမကာကွယ်ပေးနိုင်လိုက်ရင်ဘယ်လိုလုပ်မလဲ၊၊ မြူးငယ်ဘေးနားမှာထိုင်ပြီး မြူးငယ်တစ်ကိုယ်လုံးကို လုံခြုံမှုအပြည့်အဝ ပေးချင်လို့ '' ဆိုပြီး ဖြေတုန်းက မြူးမှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရသည်။ ကိုကိုက စံအိမ်အလာလမ်းတုန်းက မြူးဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို အခုထိ မမေ့ပျောက်နိုင်သေးပုံပင်။

ခက်ထည် လုပ်လက်စကို အပြီးသတ်လိုက်ပြီး laptop ကိုပိတ်လိုက်သည်။ နေ့လည်ကမပြီးသတ်သေးတဲ့ အလုပ်တွေကို အခုကားပေါ်ထိ သယ်လာရသည်။ ဘေးနားကကောင်လေးကို ကြည့်လိုက်တော့ အပြင်ကိုငေးကြည့်ကာ ဘာတွေတွေးနေမှန်းမသိ။ ခက်ထည်ပြုံးလိုက်ပြီး ကောင်လေးရဲ့ ခါးကျဉ်ကျဉ်လေးကိုဆွဲယူလိုက်သည်။ ခက်ထည်က အလုပ်သွားရင် အဝတ်အစားက ထူးထူးခြားခြားမရှိပဲ အမြဲ suit အနက်ရောင်ကိုသာဝတ်သွားသည်။ Necktie ကတော့ ကောင်လေးက ခက်ထည်ဝတ်တဲ့ suit နဲ့လိုက်ပြီး ရွေးချယ်ပေးတတ်၏ ။

ကောင်လေးကတော့ ခက်ထည်နဲ့မတူ လူငယ်ဆန်ဆန်လေးတွေဝတ်သည်။ ဆံပင်ငွေရောင်လေးတွေနဲ့တုန်းက တမျိုးဆန်းပြီးချစ်စရာကောင်းသလို အခုဆံပင်အနက်ကလေးနဲ့ကျတော့လည်း ထားစရာမရှိအောင် ချစ်စရာကောင်းနေတဲ့ကောင်လေးကြောင့် ခက်ထည်စိတ်မချနိုင်။ တွေးနေရင်း အသည်းယားလာတာကြောင့် လက်ထဲက ကိုယ်လေးကို ဖျစ်ညှစ်လိုက်တော့ ကောင်လေးကအင့်ခနဲ အသံထွက်လာသည်။

'' ကိုကို အရှေ့မှာ လူရှိတယ်လေ ''

Driver က ကိုကို့ဂိုဏ်းကပဲ ဖြစ်ကာ တခါမှ အနောက်ကိုလှည့်မကြည့်၊ မြူးတို့ဘာလုပ်လုပ် ကားမောင်းတာကိုသာအာရုံစိုက်နေတတ်သည်။ စည်းရှိသည်။ သို့ပေမဲ့ အရှေ့မှာ လူရှိနေတယ်ဆိုတဲ့အသိက ရှက်စရာကောင်းတာကြောင့် ကိုကို့ကိုတားမိလိုက်ခြင်း။

ထို့နောက် ကိုကိုက ကားရှေ့ပိုင်းနဲ့ နောက်ပိုင်းကို ခြားထားတဲ့ အကာကို လက်တစ်ဖက်နဲ့ ဆွဲပိတ်လိုက်ကာ ကျန်လက်တစ်ဖက်နဲ့ မြူးတစ်ကိုယ်လုံးကို သူ့ပေါင်ပေါ်ဆွဲယူလိုက်သည်။ ဖြစ်ပျက်သွားတာ မြန်လွန်းလို့ မြူးအသံတောင်မထွက်နိုင်ပဲ ကြောင်နေမိသည်။

Agent of JoyDonde viven las historias. Descúbrelo ahora