Married Life - 10 [ Zawgyi]

3.8K 84 0
                                    

တဖြူးဖြူးတိုက်ခတ်နေတဲ့ လေတွေကိုခံစားရင်း ခက်ထည်မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ နားထဲမှာ ဆရာဝန်ပြောသွားတဲ့ စကားတွေကို ပြန်ကြားယောင်နေမိသည်။

သွေးသား၊ သူ့ရဲ့သွေးသားက မြူးငယ်ရဲ့ ဗိုက်ကလေးထဲမှာ လွယ်ထားရတယ်တဲ့လား။ ဒီတစ်သက်ဘယ်သူ့ကိုမှ မချစ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ရယ်မြူးသာဆိုတဲ့ကောင်လေးက သူ့ရင်ထဲတစ်စစီ ဝင်ရောက်လာခဲ့သည်။ ယောကျာ်းလေးတစ်ယောက်ကိုလက်ထပ်ထားတာကြောင့် ခက်ထည်အနေနဲ့ အဆုံးထိတွေးထားပြီးပြီဖြစ်သည်။ မည်သည့် ကလေးမှမလို။ သူ့အတွက် မြူးငယ်ရှိနေရင် လုံလောက်ပြီဟု ယူဆထားခဲ့သည်။

သက်ပြင်းမောကိုချလိုက်သော်လည်း ရင်ထဲကအပူတွေက နည်းနည်းလေးမှမလျော့သွား။ မြူးငယ် မိဘ​တွေကို​ရော သူဘယ်လိုမျက်နှာပြရပါ့မလဲ။

ဆေးရုံအပြင်ဘက်ရောက်နေတာ အတော်ကြာပြီဖြစ်တာကြောင့် အထဲသို့ပြန်ဝင်လိုက်သည်။ဆေးရုံခန်းထဲရောက်တာနဲ့ အထဲမှာအသင့်ရှိနေသော ဆရာဝန်ကခက်ထည်ကို နှုတ်ဆက်သည်။

'' မင်္ဂလာပါ၊ ဦးခက်ထည်မာန်ဝင့် ''

'' မင်္ဂလာပါ၊ ဒေါက်တာက မြူးငယ် ကိုယ်ဝန်ရဖို့ ကူညီပေးခဲ့တဲ့ ဆရာဝန်လား ''

'' ဟုတ်ကဲ့ ဟုတ်ပါတယ် ''

ဒေါက်တာမြတ်လင်းနိုင်တစ်​ယောက် နှဖူးက ချွေးစေးတွေကို လက်ကိုင်ပုဝါလေးထုတ်ကာ သုတ်လိုက်ရသည်။ ဦးခက်ထည်မာန်ဝင့်က ဒေါက်တာနဲ့တွေ့ချင်တယ်လို့ လာပြောတဲ့ သူ့လက်ထောက်ရဲ့စကားကိုကြားပြီးပြီးချင်း ဒေါက်တာမြတ်လင်းနိုင် ကိုယ့်စိတ်ကိုပြင်ဆင်ခဲ့ပြီးပြီ။ သူ့ယောကျာ်းလေးကို သူမသိအောင် ကိုယ်ဝန်ဆောင်ဖို့လုပ်ပေးထားတာ ခက်ထည်မာန်ဝင့် သိသွားတာနဲ့ ရှင်းရတော့မယ်ဆိုတာလည်း ကြိုတွက်ထားခဲ့၏ ။

'' ဘယ်တုန်းကထဲကလဲ ''

'' ခင်ဗျာ၊ အော် ဟုတ်ကဲ့ ကျွန်တော့်ဆီလာပြီး စဆွေးနွေးတဲ့အချိန်ကတော့ အိမ်ထောင်ပြုပြီး နှစ်လလောက်လို့ပြောပါတယ် ''

ဆရာဝန်ရဲ့စကားကို ကြားလိုက်ရတော့ ခက်ထည်ခေါင်းငြိမ့်လိုက်သည်။ မှတ်မိနေတဲ့ မှတ်ဥာဏ်က ထိုနေ့က ခက်ထည်ကိုမပြောပဲ အပြင်သွားခဲ့သော ကိစ္စဖြစ်လိမ့်မည်။

Agent of JoyWhere stories live. Discover now