Married Life - 5 [ Unicode]

12.2K 634 16
                                        

ဒီအတောအတွင်း ဆရာဝန်ကြီး ပေးထားတဲ့ဆေးတွေကို နေ့နေ့ညည သောက်နေရတာကြောင့် မြူးစိတ်တွေအတက်အကျမြန်နေတာ ကိုယ့်ကိုကိုယ် သတိထားမိသည်။ ခန္ဓာကိုယ်အတွင်းမှာ ဟော်မုန်းတွေ ပြောင်းလဲနေတာကြောင့်ဖြစ်မည်။ ကိုကိုက မြူးတို့ ဒုတိယအကြိမ် အတူနေပြီးကထဲက ရဲရဲတင်းတင်းဖြစ်လာသည်။

အတူနေသည့် အကြိမ်ရေစိပ်လာပြီး ဆေးထိုးဆေးသောက် မှန်မှန်လုပ်သော်လည်း ဒီနှစ်လအတွင်း ထူးထူးခြားခြားဖြစ်လာတာမျိုးမရှိသေး။ အိမ်ထောင်သက်အတော်ကြာမှ ကလေးယူပါလားဟု ဆရာဝန်က အကြံပြုသော်လည်း မြူးကတော့ ဒီအချိန်မှာ ကလေးယူထားတာ အသင့်တော်ဆုံးဖြစ်မည်ဟုထင်၏ ။

ကိုကိုက ပြီးခဲ့တဲ့ အေပရယ် ၂၉က ၃၃နှစ်ပြည့်သွားကာ မြူးက လာမည့် အောက်တိုဘာ၅ရက်နေ့မှ ၂၄ နှစ်ပြည့်မှာဖြစ်သည်။
မြူးကို လက်ထပ်ခွင့်တောင်းပြီးစ၊ အေပရယ်လလေးမှာ ကိုကိုက မြူးနဲ့အတူတူ လက်ထပ်ပွဲအတွက် စီစဉ်နေခဲ့သော်လည်း သူ့မွေးနေ့အကြောင်း တခွန်းမှမဟ။

မြူးကိုယ်တိုင်ကလည်း သတိမထားမိပဲ ပေါ့လျော့နေခဲ့တာ။ ကိုယ့်ချစ်သူမွေးနေ့ကိုတောင် သိမထားမိတဲ့ ကိုယ့်အဖြစ်ကိုယ် စိတ်တိုရမလို ရယ်ရမလိုနဲ့ ခံပြင်းခဲ့ရသေး၏ ။ ကိုကို့မွေးနေ့အလို ၂ရက်၊ ကိုကို့မွေးနေ့အကြောင်း အကိုနေဇာန်ကလွှတ်ခနဲ ပြောမိသွားမှသာ မြူးသိခဲ့ရတော့သည်။ ထိုနေ့က ကိုကိုနဲ့ မြူး ရန်အကြီးအကျယ်ဖြစ်မလို ဖြစ်ပြီးမှ အဖျားရှူးသွားကြောင်း သတိရလိုက်တော့ ပြုံးလိုက်မိသည်။

ထို့ကြောင့် ကလေးနဲ့ ကိုကို့ကို အသက်အရမ်းမကွာစေချင်တာကြောင့် မြူးကြိုပြီး စီစဉ်နေရခြင်းပင်။ ကလေးလေးက ကိုကို့အတွက် မြူးမွေးနေ့မှာပြန်ပေးမဲ့ မွေးနေ့လက်ဆောင်ဖြစ်မလား၊ Christmas လက်ဆောင်ပဲ ဖြစ်မလား၊ ဒါမှမဟုတ် နောက်နှစ်ကိုကို့မွေးနေ့ကျမှ ပေးရမဲ့ လက်ဆောင်လေးပဲ ဖြစ်မလား တွေးရင်း ကြည်နူးနေရသည်။ ကိုကိုနဲ့ မြူးနဲ့ ပေါင်းစပ်ထားတဲ့ ကလေးလေး။ တွေးကြည့်ရုံနဲ့ ရင်အစုံမှာ တသိမ့်သိမ့် ခံစားရသည်။

'' ဘာတွေ တွေးနေတာလဲ ယောကျာ်းတစ်ယောက်လုံးကို ပစ်ထားပြီးတော့ ''

Agent of JoyDonde viven las historias. Descúbrelo ahora