Part 15 [ Unicode]

15.3K 838 9
                                        

ဆေးရုံကုတင်ပေါ်မှာ အပူပင်ကင်းကင်းနဲ့ အိပ်ပျော်နေတဲ့ ကောင်လေးကို ခက်ထည်ငေးကြည့်နေမိသည်။ သူသတိရလာတာ ၃ရက်ရှိပြီဖြစ်ပေမဲ့ ဒီကလေးကတော့ အခုထိသတိမရသေး။ ဆရာဝန်တွေက စိုးရိမ်စရာမရှိဘူး ပြောနေပေမဲ့ ခက်ထည်ကတော့ စိုးရိမ်ပါသည်။ ဘာကြောင့်များ ဒီလောက်အကြာကြီး အိပ်နေရသလဲ။

လက်ချောင်းလေးတွေကို ရေပတ်ဝတ်နဲ့တိုက်ပေးပြီးတော့ အသာပြန်ချထားပေးလိုက်သည်၊၊ မျက်နှာနုနုကို ရေပတ်တိုက်ပေးထားတာကြောင့် ဝင်းပြောင်နေသည်။

'' အင်း ''

ရေဇလုံကို ရေချိုးခန်းထဲသွားသွန်မယ်အလုပ် ကြားလိုက်ရတဲ့ ညည်းညူသံလေးကြောင့် ဇလုံကိုပစ်ချခဲ့ကာ အပြေးသွားလိုက်သည်။

'' မြူး ''

မျက်လုံးလေးတွေက မပွင့်တပွင့်နဲ့ သူ့ကိုစိုက်ကြည့်နေတာမို့
နံရံပေါ်က ခလုတ်ကိုအမြန်နှိပ်လိုက်သည်။

ခနအကြာမှာတော့ဆရာဝန်နဲ့သူနာပြုနှစ်ယောက် အပြေးအလွှား ရောက်လာကြတာမို့ ခက်ထည်ကုတင်ဘေးက ဖယ်ပေးလိုက်သည်။

''လူနာ ကျွန်တော်ခေါ်တာကြားရလား ''

၅မိနစ်လောက်စစ်ဆေးပြီးချိန်မှာတော့ ဆရာဝန်က အနောက်မှာစောင့်နေတဲ့ သူ့ဘက်ပြန်လှည့်လာသည်။ ကောင်လေးကတော့ ကုတင်ပေါ်မှာ သူနာပြုရဲ့အကူအညီနဲ့ ခေါင်းအုံးတစ်လုံးကိုမှီပြီး ထိုင်နေသည်။

'' စိတ်ချရတဲ့အနေအထားကို ရောက်နေပါပြီ ကိုခက်ထည်
အရမ်းလှုပ်လှုပ်ရှားရှား မလုပ်ဖို့ပဲ ဂရုစိုက်ပေးပါ ''

'' တာဝန်ကျေပါတယ် ''

'' ဟုတ်ကဲ့ ''

ဆရာဝန်နဲ့သူနာပြုတွေပြန်ထွက်သွားချိန်မှာတော့ ကုတင်ဘေးနားက ခုံမှာသူဝင်ထိုင်လိုက်သည်။

'' နေရတာ သက်သာရဲ့လား တစ်ခုခုအရမ်းနာတာမျိုးဆို
ုမြိုသိပ်မနေပဲ ပြောနော် ''

ကောင်လေးက ခေါင်းငြိမ့်ကာ မျက်လုံးတွေကတော့ အခန်းတစ်ခုလုံးကို ဝေ့ပတ်ကြည့်နေသည်။

'' အန်ကယ်နဲ့အန်တီက အဝတ်အစားနဲ့ လိုအပ်တာတွေ ပြန်ယူဖို့ မနက်ကပဲ ခနပြန်သွားကြတာ ကိုယ်ခုနက ဖုန်းဆက်ပြီးပြီမို့လို့ မကြာခင်ရောက်တော့မှာပါ ''

Agent of JoyDonde viven las historias. Descúbrelo ahora