Part 33 [ Unicode ]

13.4K 782 5
                                        

ဘေးနားမှာထိုင်ပြီး အရက်ခွက်တွေကို တခွက်ပြီးတခွက်ယူသောက်နေတဲ့ ကောင်လေးကြောင့် ခက်ထည်အခက်တွေ့နေရသည်။အစပိုင်းတုန်းကတော့ နည်းနည်းပါးပါးပါ ဆိုပြီးလွှတ်ထားရာမှ အခုတော့ ၅ခွက်ကနေ ၆ခွက်မြောက် ဖြစ်လာချိန်မှာတော့ မတား၍ မရတော့။ ဒီကြားထဲ ခနခနလာပြီး နှုတ်ဆက်နေတဲ့သူတွေကို ပြန်နှုတ်ဆက်နေရသေး၏ ။

'' မြူးငယ် ဒီတခွက်ပြီးရင်တော်တော့ အရမ်းမူးနေလိမ့်မယ် ''

'' ဖယ်! ခင်များ! ''

ခက်ထည်လက်ထဲကခွက်ကို အတင်းပြန်ယူကာ တကျိုက်ထဲ မော့ချလိုက်တာကြောင့် မျက်ခုံးပင့်ပြီး အသံထွက်အောင်ရယ်လိုက်မိသည်။ မျက်လုံးတဝိုက်နဲ့ ပါးလေးတွေကရဲနေကာ နားရွက်ဖျားလေးတွေပါ နီနေတဲ့ အမူးသမားလေးက ချစ်စရာကောင်းလွန်းနေတာကို
ခက်ထည်မငြင်းနိုင်။

သို့သော် လွှတ်ထားပေးလို့က မဖြစ်၊ ခနနေကျရင် စီးပွားရေးဆွေးနွေးပွဲကရှိသေး၏ ။ အစက ကောင်လေးကိုပါခေါ်သွားမလို့ပေမယ့် ဒီပုံစံနဲ့တော့ မဖြစ်တော့။ ကားထဲမှာ နေဇာန်နဲ့အတူ ထားခဲ့တာကသာ ပိုစိတ်ချရမည်။

'' အင့် ''

ခက်ထည်ဘယ်လိုလုပ်ရမလဲတွေးနေတုန်း ပုခုံးပေါ်သို့ မှီကျလာသော ကောင်လေးရဲ့ခေါင်းလေး။ ဆံပင်ပျော့ပျော့လေးတွေဆီကနေ သင်းပျံ့လာသော ရှမ်ပူအနံ့ခပ်အီအီ။ နှုတ်ခမ်းပါးပါးလေးက စူနေတာ ဘာတွေပြောနေမှန်း သေချာမကွဲ။ သေချာတာကတော့ ခက်ထည်ကို မကျေနပ်ကြောင်းတွေ ဖြစ်ပါလိမ့်မည်။

ခက်ထည်အပေါ်ကုတ်ကိုချွတ်ပြီး ကောင်လေးရဲ့အပေါ်ပိုင်းတခုလုံးကို လုံအောင်အုပ်လိုက်သည်။ သူ့အမူးသမားလေးရဲ့ ချစ်စရာကောင်းမှုတွေကို သူများတွေ မြင်ခွင့်မပြုနိုင်။ထို့နောက် ခါးကျဉ်ကျဉ်လေးအောက်ကနေ လက်လျှိုလိုက်ကာ ကလေးလေးတွေ ပွေ့သလိုပွေလိုက်သည်။ လူအများက အာရုံစိုက်နေကြမှာပေမဲ့ ခက်ထည်ဂရုမစိုက်၊ သူဂရုစိုက်တာ သူ့ရင်ဘတ်နားက အိင်္ကျီကိုဝါးစားနေတဲ့ အမူးသမားလေးကိုသာ။

ခန်းမအပြင်ထွက်လာခဲ့ကာ ကားရပ်နားရာနေရာသို့ လျှောက်လာခဲ့သည်။ နေဇာန်က သူတို့ကိုတွေ့တော့ ကားပေါ်ကဆင်းလာကာ အနောက်ခန်းတံခါးကို ဆွဲဖွင့်ပေးလာသည်။

Agent of JoyDonde viven las historias. Descúbrelo ahora