Part 25 [ Unicode ]

15.7K 750 5
                                        

အိမ်ထဲကို ဝင်ရမှာကို မြူးကြောက်နေမိသည်။ ဒယ်ဒီနဲ့မာမီကို ဘာမှမပြောပဲ အပြင်မှာအိပ်ဖြစ်တာ ဒါပထမဆုံးပင်။

'' ကိုယ်ညက အန်ကယ့်ဆီကို ဖုန်းဆက်အကြောင်းကြားထားပါတယ် ''

'' ဟင် ဘယ်တုန်းက ''

ခက်ထည်မာန်ဝင့် စကားကြောင့် မြူး အံ့သြတကြီးလှည့်ကြည့်လိုက်သည်။ တောက်လျှောက် သူနဲ့အတူရှိနေတဲ့လူက ဘယ်တုန်းကဘယ်လို ဒယ်ဒီတို့နဲ့ ဆက်သွယ်လိုက်တယ်မသိ။ခက်ထည်မာန်ဝင့် ကပြုံးပြီး

''မြူးငယ် အိပ်ပျော်သွားတဲ့အချိန်တုန်းကပေါ့ ''

'' မြူးငယ်? ''

မြူးကို ရယ်မြူး ဒါမှမဟုတ် မြူးလို့ပဲ တောက်လျှောက်ခေါ်ခံခဲ့ရတာ။မြူးငယ်လို့ ခေါ်တာကိုတော့ ပထမဆုံးကြားဖူးတာပင်။ ခက်ထည်မာန်ဝင့် ရဲ့ အသံခပ်သြသြနဲ့ မြူးငယ်လို့ ခေါ်ဆိုပုံက သဘောကျစရာ ကောင်းသည်။

'' အင်း မြူးငယ် လို့ခေါ်တာ တကယ်လို့ မကြိုက်ရင် ''

'' ကြိုက်တယ် ကြိုက်တယ် ''

ုမြူးခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်သည်။ ကိုယ်ချစ်တဲ့သူက ပထမဆုံးခေါ်တဲ့ အမည်ပဲ၊ သဘောမကျစရာလား။

'' အဆင်ပြေရင် ပြီးတာပါပဲ လာ ဆင်းကြရအောင် ''

မြူးခါးပတ်ကို ဖြုတ်ပြီးတဲ့အချိန်နဲ့ကွက်တိ ခက်ထည်မာန်ဝင့် က ကားတံခါးဖွင့်ပေးလာသည်။သူများလာပို့တဲ့ အိကြႌကိုဝတျထားရတာမို့ fit မဖြစ်ပဲ ပွပွယောင်းယောင်း။ ဘောင်းဘီခါးကလည်းချောင်နေတာမို့ ခါးပတ်ကူထားရသည်။

- ဝုတ် ဝုတ်

ခြံထဲတောင်မဝင်ရသေး Cheese က မြူးတို့ကို တန်းမြင်ပြီး တဝုတ်ဝုတ်နဲ့ ပြေးလာသည်။ ဦးမြတူလေးက ပန်းပင်ရေလောင်းနေရင်းမှ ပြေးလာပြီး ခြံတံခါးကိုဖွင့်ပေးလာသည်။

Cheese ကို ကောက်ချီလိုက်ပြီ ဖင်လုံးလုံးကို ပုတ်ပေးလိုက်တော့ မြူးမျက်နှာကို ကိုလျှာနဲ့လိုက်လျက်နေသည်။

'' ဒယ်ဒီအလုပ်သွားပြီလား ''

'' မသွားသေးဘူး အကိုလေး ''

Agent of JoyTahanan ng mga kuwento. Tumuklas ngayon