Married Life - 3 [ Unicode ]

13.1K 683 22
                                        

ဆေးစစ်ပြီးသွားတဲ့ ရလဒ်တွေကို နောက်နှစ်ရက်လောက်နေရင် သိရမည်။ မြူးမှာ သန္ဓေတည်နိုင်၊ မတည်နိုင်က သားအိမ်ရဲ့လုပ်ဆောင်နိုင်စွမ်းပေါ်မူတည်သည်ဟုဆို၏ ။ ဆေးထိုး၊ ဆေးသောက်အများကြီးလုပ်ရမည်ဟု ဒေါက်တာကကြိုပြောထားပေမဲ့ မြူးကျေနပ်စွာနဲ့ လက်ခံခဲ့သည်။

အလင်းကားကိုပြန်ပေးရမှာမို့ ဆိုင်ကိုပဲ ပြန်လာခဲ့လိုက်သည်။ ဆိုင်ဝင်းထဲရောက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်နေတာကြောင့် ကားကိုအမြန်ထိုးရပ်ကာ ပြေးဆင်းလိုက်ရ၏ ။

'' ဘာဖြစ်တာလဲ မင်းထက် ''

'' ဟာ သူဌေး တော်သေးတာပေါ့ဗျာ ''

မင်းထက်ကမြူးဆီပြေးလာပြီး အကျိုးအကြောင်းပြောပြသည်။ သိသိချင်း မြူးဆိုင်ထဲကိုပြေးဝင်သွားလိုက်သည်။

'' အလင်း! ''

ဆိုင်ထောင့်တစ်နေရာမှာ ထိုင်ငိုနေတဲ့ အလင်းကြောင့် မြူးပြေးသွားကာ ဖက်ထားလိုက်သည်။ ဆိုင်ထဲမှာ လူတွေလည်းသိပ်မရှိတော့ပဲ အပြင်ဘက်မှာသာ လူရှုပ်နေတာ။

'' ဟင့် ဟင့် မိုးသားက အဲ့လိုလူမဟုတ်ပါဘူး မြူးရယ် ''

'' ငါသိတယ် ငါသိတယ် စိတ်အေးအေးထား အခုမိုးသားရော ''

'' သူငါ့ကိုလာတွေ့နေတုန်း ရဲတွေရောက်လာပြီး ဝရမ်းပါတယ်ဆိုပြီး ဆွဲခေါ်သွားကြတာ ငါလိုက်မယ်ဆိုတော့လည်းမရဘူး အဲ့အချိန် သတင်းထောက်တွေက ဘယ်လိုသတင်းရလဲမသိဘူး ဆိုင်ထဲအတင်းဝင်လာကြလို့ ငါတို့မနည်းတားထားရတာ ဟင့် မိုးသားကိုကယ်ပါဦး ''

ရှိုက်ကြီးတငင်ငိုနေသော အလင်းကို မြူးထွေးဖက်ထားလိုက်ရသည်။ ဘာအမှုနဲ့ ဖြစ်တယ်မသိပေမဲ့ မိုးသားက စခန်းရောက် ဂတ်ရောက်မယ့်အလုပ်မျိုး လုပ်မှာမဟုတ်တာတော့ သေချာသည်။ အန်ကယ်ထွန်းလင်း တို့လည်း ဒီချိန်သိလောက်ပြီဆိုတော့ ငြိမ်နေမှာမဟုတ်လောက်။

'' မပူပါနဲ့ သူတို့တစ်ခုခုမှားတာနေမှာပါ နော် အန်ကယ်ထွန်းလင်းတို့လည်းရှိနေတာပဲ ပြီးတော့ ငါကိုကို့ကိုလည်းပြောပေးမယ် သိလား မငိုနဲ့ တိတ်တော့ မောနေမယ် အခုစခန်းလိုက်သွားရမှာမလား ထ သွားရအောင် ''

Agent of JoyOpowieści tętniące życiem. Odkryj je teraz