ဘေးနားမှာ ကားမောင်းနေတဲ့သူကို မြူးငဲ့ကြည့်လိုက်သည်၊၊
Rolex နာရီပတ်ထားတဲ့ဖွေးလင်းနေတဲ့ လက်ဖျံပေါ်မှာ သွေးကြောစိမ်းစိမ်းတွေက အထင်းသား။ အမည်းရောင် Velvet Shirt တစ်ထည်ကို အောက်ကဘောင်းဘီထဲထည့်ဝတ်ထားကာ ဆံပင်တွေကို ရှေ့သို့အနည်းငယ်ချထားတာကြောင့် လူငယ်ဆန်နေသည်။'' ကိုယ့်မျက်နှာမှာ တစ်ခုခုပေနေလို့လား ''
ခက်ထည်မာန်ဝင့်ကကားမောင်းရင်းနဲ့ မြူးကို ငဲ့ကြည့်လာသည်။
'' ဟင့်အင်း မပေပါဘူး ''
အကြည့်တွေကိုရင်မဆိုင်နိုင်စွာ တဖက်ကိုလှည့်လိုက်သည်တော့ တဖက်လူဆီမှ ရယ်သံခပ်တိုးတိုးကို ကြားလိုက်ရသည်။
သူ့သူငယ်ချင်း တွေက မိတ်ဆက်ပေးစေချင်တယ်လို့ ပြောလို့
ုအခု Noon Club ကိုသွားနေကြတာ။ အလင်းနဲ့ မိုးသားနဲ့ကိုလည်း တစ်ခါထဲခေါ်ထားတာမို့ အခုလောက်ဆိုရောက်နေလောက်ပြီ။ အလင်းက မိုးသားနဲ့အတူတူသွားမည်ဆိုကာ ကြိုထွက်သွားသည်။ဆိုင်ကနေ တန်းလိုက်လာရတာမို့ မြူးဝတ်ထားတာကမီးခိုးရောင်blazer coatကိုမှအောက်ခံ ကရိုးရိုး tee အဖြူ ခံထားသည်၊၊
style pants ဝတ်ထားတဲ့ ကိုယ့်ခြေထောက်တွေကို ကြည့်ရင်း မကျေမနပ် ရေရွတ်လိုက်မိသည်။ သူကျတော့ရှယ်ပြင်ထားတာ၊ လူကိုကျတော့ ပြင်ချိန်လေးတောင်မပေး။ ဆိုင်ပိတ်တာနဲ့ သူက တန်းရောက်နေတာ။တစ်ယောက်ထဲ အတွေးတွေများနေတုန်း Noon Club ကိုရောက်လာသည်။ မြူးစိတ်ထဲအရဆို Apex ကိုပိုသဘောကျပေမဲ့ ဟိုကိစ္စတွေဖြစ်ပြီးကထဲက အဲ့ club ကိုခြေတောင်မချချင်တော့။
ကားပါကင်ထိုးပြီးတာနဲ့ ခက်ထည်မာန်ဝင့် ကအရင်ဆင်းသည်။ ပြီးမှ မြူးဘက်ကတံခါးကိုဆွဲဖွင့်ပေးလာတာမို့ လူကကြောင်ကြောင်အမ်းအမ်း။ ဒီလူကဒါမျိုးတွေလည်းလုပ်တတ်တာပဲလား။
'' ကိုယ့်လက်ကို ကိုင်ထား ''
ဆိုင်ထဲဝင်မယ်အလုပ်မှာ မြူးလက်ဖဝါးဆီကနေ ခပ်နွေးနွေးအထိအတွေ့ကိုခံစားလိုက်ရသည်။ ခက်ထည်မာန်ဝင့် ရဲ့လက်ဖဝါး အကြီးကြီးက မြူးလက်ကိုဆုပ်ကိုင်ထားတာ၊ လက်နှစ်ခုရဲ့ အရွယ်အစား ကွာဟမှုကို ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်မိသည်။
KAMU SEDANG MEMBACA
Agent of Joy
Fiksi Umum- 1 - 𝑨 𝒃𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍 𝒍𝒐𝒗𝒆 𝒔𝒕𝒐𝒓𝒚 𝒐𝒇 𝒕𝒉𝒆 𝒓𝒊𝒄𝒉𝒆𝒔𝒕 𝒎𝒂𝒏 𝒘𝒉𝒐𝒔𝒆 𝒑𝒐𝒘𝒆𝒓 𝒊𝒔 𝒂𝒕 𝒕𝒉𝒆 𝒕𝒐𝒑 𝒐𝒇 𝒕𝒉𝒆 𝒄𝒐𝒖𝒏𝒕𝒓𝒚 𝒂𝒏𝒅 𝒂 𝒔𝒘𝒆𝒆𝒕 𝒊𝒏𝒏𝒐𝒄𝒆𝒏𝒕 𝒃𝒐𝒚 𝒘𝒉𝒐 𝒊𝒔 𝒇𝒓𝒐𝒎 𝒂 𝒕𝒚𝒑𝒊𝒄𝒂𝒍 𝒔𝒊𝒎𝒑...