Part 19 [ Unicode ]

14.3K 823 23
                                        

'' နောက်တစ်ပတ်လောက်နေမှ ဆိုင်ကိုသွားနော်
အရမ်းလှုပ်လှုပ်ရှားရှား မနေနဲ့ဦး ''

ခက်ထည်မာန်ဝင့် ကပြောပြီး မြူးဘက်ကိုလှည့်လာတာမို့ သူ့ကိုကြည့်နေတဲ့ အကြည့်တွေကို အမြန်လွှဲလိုက်ရသည်။ စားသောက်ဆိုင် ကပြန်လာပြီး အခုမြူးအိမ်ကိုလိုက်ပို့နေတဲ့ လမ်းမှာ။ ဘေးနားမှာ ကားမောင်းနေတဲ့သူက သိပ်ကိုတည်ကြည်ခန့်ညားလွန်းတာမို့ ငေးမိနေတုန်း ရုတိတရက် လှည့်ကြည့်လာတဲ့သူ။ မဟုတ်တာ လုပ်နေတုန်း လူမိသွားသလို ခံစားချက်တွေနဲ့ မြူးတစ်ကိုယ်လုံး ရှိန်းဖိန်းတိန်းတိန်း။

'' ဟိတ် မေးနေတာ ဖြေဦးလေ
အပြင်မှာ ဘာတွေ့လို့ အဲ့လောက်ကြည့်နေတာလဲ ''

'' ဟို ဘာမှမဟုတ်ပါဘူး ''

'' ဆိုင်ကိုနောက်အပတ်မှ သွားလို့ ၊ ပြီးတော့ အရမ်းလှုပ်လှုပ်ရှားရှား မနေနဲ့ဦးလို့ ကိုယ်ပြောတာ ကြားလား ''

'' ဟုတ် စိတ်ချပါ အခုလည်း နည်းနည်းလေးမှ မနာတော့ဘူးရယ် ''

'' အင်း ကိုယ်က စိတ်ပူလို့ပါ ''

ကိုယ်ချစ်နေတဲ့သူဆီက စိတ်ပူခံနေရတဲ့ ခံစားချက်ဆိုတာ ဒီလိုကိုးဆိုပြီး နားလည်လိုက်ရသည်။ မကြာခဏ နေမကောင်းဖြစ်လိုက်ရမလား၊ ဒီလူကြီး ခဏခဏ စိတ်ပူအောင်။

ပေါက်ကရအတွေးတွေကို ခေါင်းထဲက အမြန်ထုတ်လိုက်ပြီး ဘေးနားကလူကြီးကိုပဲ လှည့်ကြည့်လိုက်တော့သည်။ company ကနေ တန်းထွက်လာရလို့ အနည်းငယ်ပင်ပန်းနေတဲ့ပုံ ပေါက်နေပေမဲ့ ကြည့်ကောင်းမှုတွေကလျော့ကျမသွား။ ချစ်မိပြန်တော့လည်း နားထင်ကချွေးစက်လေးကအစ ကြည့်ကောင်းနေပြန်သည်။

'' အိမ်ရောက်ရင် အန်တီဆူတော့မယ်ထင်တယ် ''

သူပြောမှ သတိရပြီး မြူးမျက်နှာ ရှု့ံ့မဲ့သွားသည်။ ဒီလောက်ပြောထားတဲ့ကြားထဲက မသိအောင်ထွက်လာတာမို့ အိမ်ရောက်ရင် မာမီ့ရဲ့ lecture တွေနားထောင်ရဦးမည်။ မရိုက်ပဲနဲ့ စကားနဲ့သာ ဆုံးမတတ်တဲ့ မိဘတွေမို့ တခုခုဆို တနေကုန်အောင် ပြောသည်။ အကြောင်းတစ်ခုခု တိုက်ဆိုင်ရင် ဖြစ်ဖြစ် ၊ သတိရရင်ဖြစ်ဖြစ်ပြန်ပြောင်းပြောတတ်သေးသည်။

Agent of JoyHikayelerin yaşadığı yer. Şimdi keşfedin