Part 20 [ Unicode ]

14.5K 807 0
                                        

နေ့လည်နှစ်နာရီလောက်မို့ ဆိုင်မှာလူအတော်ရှင်းနေသည်။ စားပွဲဝိုင်း နှစ်ဝိုင်းလောက်သာ လူရှိပြီး အလုပ်သမားတွေကို ခန Breaktime ပေးထားတာမို့ ဆိုင်ရှေ့မှာ မြူးနဲ့အလင်း နှစ်ယောက်ထဲသာ။

'' မြူး ''

မြူးပျင်းတိပျင်းရွဲနဲ့ ဆိုင်အပြင်ကိုငေးနေရာမှ အလင်းကိုထူးလိုက်သည်။ အပြင်မှာနေကလည်း ပူနေတာကြောင့် ရာသီဥတုက ပျင်းစရာအတိ။

'' အင်း ''

'' ငါပြောစရာရှိတယ် ''

'' အင်း ပြောလေ ဘာတုန်း စကားပလ္လင်လာခံနေတယ်
ဘာကိစ္စလဲ ''

အလင်းက အရှေ့ကစားပွဲခုံကို သူ့လက်သည်းလေးတွေနဲ့ ကုတ်ခြစ်နေရင်း စဉ်းစားဟန်ပြုသည်။ ပြီးမှ

'' မိုးသားကလေ ''

'' အင်း မိုးသားက ''

'' ငါ့ကိုကြိုက်တယ်တဲ့ ''

'' အော် ဘာ! ''

မြူး အော်သံကြားတော့ ဧည့်သည်တွေကပါ လှည့်ကြည့်လာတာမို့ အရှိန်သတ်လိုက်ရသည်။

'' ဘာဖြစ်တယ် မိုးသားက မင်းကိုကြိုက်တယ်? ''

'' အင်း ''

အဲ့ဒါကြောင့် ဒီနောက်ပိုင်း ဒီနှစ်ယောက် ထူးဆန်းနေတယ်လို့တောင် တွေးမိသေးသည်။ ဒီကြားထဲ ဆေးရုံတတ်လိုက်ရသေးတာမို့ သူတို့နှစ်ယောက်ကို သိပ်အာရုံမစိုက်နိုင်လိုက်တာ။

'' အဲ့တော့ မင်းကရော ''

'' ငါကလား ''

''အင်း မင်းဘက်ကခံစားချက်ကရော ''

'' ငါ မသိဘူး ငါတောက်လျှောက် မိုးသားကို အကိုတစ်ယောက်လိုပဲ မြင်နေခဲ့တာလေ တကယ်တော့ သူဖွင့်ပြောထားတာ နည်းနည်းကြာပြီ မင်းကဒီကြားထဲ ဆေးရုံတတ်တာဘာညာနဲ့ မင်းစိတ် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ငါမပြောသေးတာ ''

'' အင်း ငါလည်းထင်တော့ထင်နေပေမဲ့ တကယ်သိလိုက်ရတော့ အံ့သြသွားတယ် ဒါပေမဲ့ မင်းနဲ့မိုးသားဆိုလည်း ငါသဘောတူပါတယ် မိုးသားကမင်းကိုနဂိုကထဲက အရမ်းဂရုစိုက်တာလေ သေချာပေါက် ချစ်သူတွေဖြစ်သွားလည်း ပိုပြီးဂရုစိုက်ဦးမှာ မင်းကိုလည်း လရိပ်ဖြူလို မိန်းမတွေနဲ့ တွေ့မလား မပူရတော့ဘူးပေါ့ ''

Agent of JoyWhere stories live. Discover now