Part 7 [ Unicode ]

15.5K 952 20
                                        

မြူးနဲ့အလင်း စပ်တူဖွင့်ထားတဲ့ ဆိုင်လေး နာမည်က "Cheese Smile''  ။ ဆိုင်နာမည်ကို ဘာပေးရမလဲ နှစ်ယောက်သား ခေါင်းချင်းဆိုင် စဉ်းစားခဲ့ရာက နောက်ဆုံးထွက်လာတော့ Smile နဲ့ Cheese ရဲ့ နာမည်ကိုပေါင်းပေးဖို့။

အခုလည်း Smile က ဆိုင်ပေါက်ဝက ခုံမှာ ပုံ့ပုံ့ကြီးထိုင်နေကာ လာတဲ့ဧည့်သည်တွေကို ခပ်ချေချေနဲ့ထိုင်ကြည့်နေသည်။ ဧည့်သည်တွေ အထူးသဖြင့် ကောင်မလေးတွေက သူ့ကို အသည်းယားသလို ပွတ်သပ်တာ လုပ်ပြီဆိုရင် ရုပ်ကြီးက မိန့်မိန့်ကြီးနဲ့ မြူးမှာ သူ့ကိုကြည့်ပြီး အူတယားယား။

Cheese ကတော့ ဖင်တလုံးလုံးနဲ့ ဟိုဝိုင်း ဒီဝိုင်း ပတ်ပြေးကာ လိုက်နှုတ်ဆက်ကစားသည်။ အခုဆို လာနေကျဧည့်သည်တွေမှာ ဆိုင်ရောက်ရင် မုန့်အရင်မမှာနိုင်သေးပဲ သူတို့နှစ်ကောင်ကိုအရင်ရှာကြသည်။ ဆယ်လီ Smile နဲ့ Cheese ဖြစ်နေပြီပေါ့လေ။

'' မြူး ဒီနေ့ ဆိုင်သိမ်းရင် ငါမင်းနဲ့မလိုက်တော့ဘူး မိုးသားဆီသွားမလို့ ''

'' ဘာဖြစ်လို့လဲ အဲ့ကောင်အခုထိမင်းကို စိတ်ဆိုးမပြေသေးဘူးလား ''

့မြူးရဲ့ အမေးစကားကို အလင်းက ခေါင်းကိုခပ်လေးလေးငြိမ့်ကာ တုံ့ပြန်သည်။ ဟိုတခေါက်ဖြစ်တဲ့ လရိပ်ဖြူကိစ္စဖြစ်ပြီးကထဲက အဲ့နှစ်ယောက် မခေါ်ကြတော့တာ။ ကြားထဲက မြူးက တစ်ခုခုပြောချင်ပြီဆို ညှိညှိပေးရသည်။ အခုတော့ ကြည့်ရတာ မနေနိုင်တဲ့ အလင်းကပဲ အရင်သွားချော့တော့မည့်ပုံ။

'' အေးပါ သွားသွား စိတ်ပြေအောင်လည်းချော့ခဲ့ မင်းတို့က အဲ့လိုစိတ်ဆိုးနေကြတော့ ကြားထဲကငါက အနေခက်တယ်ကွ မြန်မြန်ခေါ်ကြ ''

'' အင်း မင်းလည်း အိမ်တန်းပြန်နော် တစ်ယောက်ထဲ ကလပ်တွေဘာတွေလျှောက်ဝင်မနေနဲ့ ''

အလင်းကမြူးအကြောင်းကိုသိစွာ ပြောလာတော့ လျှာထုတ်ပြောင်ပြလိုက်သည်။

''မင်းနဲ့ဆိုင်လား အလင်းကောင် ''

အလင်းက မျက်လုံးတွေကိုမှေးစင်းကာ မြူးကိုကြည့်လာတော့ အော်ရယ်ပစ်လိုက်သည်။ နဂိုထဲကခပ်မှေးမှေးမျက်လုံးလေးတွေကို ထပ်မှေးလိုက်တော့ ဘာကောင်လေးနဲ့ တူမှန်းမသိ။

Agent of JoyDonde viven las historias. Descúbrelo ahora