Part 38 [ Unicode ]

13.5K 728 8
                                        

'' ကျေးဇူးတင်ပါတယ်ရှင် ''

ကောင်တာက ကောင်မလေးပေးလိုက်တဲ့ သော့ကတ်ကိုယူပြီး ခက်ထည်ဓာတ်လှေကားထဲဝင်လာခဲ့သည်။ သက်ပြင်းချလိုက်ပြီး ခေါ်ဆိုမှုကင်းမဲ့နေသော ဖုန်းကို ကြည့်လိုက်သည်။ ကောင်လေးဟာ စာမပြန် ဖုန်းမဆက်တာနှစ်ရက်ရှိပြီ ဖြစ်၏ ။ သူဆက်တော့လည်းစက်ပိတ်ထားသည်။ ကိုရယ်မြူးသာက ဆိုင်ကိုတစ်ခေါက်သွားပြီး အပြန်ကနေ အခုထိ အိမ်မှာပဲရှိနေပါတယ် Boss ဆိုတဲ့ သူလွှတ်ထားတဲ့လူတွေရဲ့ စကားကြောင့်သာ စိတ်ချနေနေရသည်။

ဖြစ်နိုင်ရင်ချက်ချင်းပြန်ပြီး ထွေးပွေ့ထားချင်ပေမဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကရှိနေသေး၏ ။ တီခနဲ မြည်သံနဲ့အတူ ဓာတ်လှေကားထဲက ထွက်မယ်အလုပ် အဖြူရောင်အရိပ်လေးက သူ့ရင်ခွင်ဆီတန်းတန်းမတ်မတ်ဝင်ရောက်လာသည်။ အင့်ခနဲ ဖြစ်သွားတဲ့ခံစားချက်နဲ့အတူ ခက်ထည်နောက်ကျောပြင်က ဓာတ်လှေကားနံရံနဲ့ ထိအပ်သွားသည်။

'' မြူးငယ် ''

ကျောပြင်ငယ်ကို အလိုအလျောက်ဖက်မိထားတဲ့ လက်တွေဆီက တသိမ့်သိမ့်တုန်နေသည်ကို ခံစားမိလိုက်၏ ။ ဒီကလေးက ဒီကိုဘယ်လိုလုပ်ဒီရောက်လာတာလဲ။

'' မြူးငယ် ကိုကို့ကိုကြည့် ''

လက်ဖဝါးနှစ်ဖက်နဲ့ပွေ့ယူတော့ ပါလာတဲ့မျက်နှာလေးက မြင်ရတာသနားစဖွယ်။ မျက်လုံးလေးတွေမို့အစ်လို့ နှုတ်ခမ်းပါးလေးက တဆတ်ဆတ်တုန်နေရှာသည်။ ရဲနေတဲ့ ပါးမို့လေးကို လက်မနဲ့ခပ်ဖွဖွပွတ်လိုက်တော့ ကျဆင်းလက်စ မျက်ရည်ပူတွေက ပြိုဆင်းလာသည်။ ဓာတ်လှေကားကတော့ ပြန်ပိတ်သွားပြီ။

'' ဟင့် အင့် ကို အင့် ကို ''

'' မြူးငယ်!! ''

လက်မောင်းနှစ်ဖက်ပေါ်ကို ယိုင်လဲကျလာတဲ့ ခန္ဓာကိုယ်လေးကို အမြန်ဆွဲပွေ့လိုက်ရသည်။ ပူကျစ်နေတဲ့ အထိအတွေ့က ခက်ထည်ရင်ကို ပူစေသည်။ပါးလေးကိုခပ်ဆတ်ဆတ်ပုတ်ပြီးနှိူးကြည့်သည်။ နိုးမလာ။

'' ဟယ်လို မင်းမြတ်လား Hotel Reception ကိုပြောလိုက် အခုချက်ချင်း ဆရာဝန်တစ်ယောက် VIP- 5 room ကိုလွှတ်ပေးလို့ ကြားလား! ''

Agent of JoyWhere stories live. Discover now