Part 24 [ Unicode]

14.7K 772 6
                                    

'' ဟင့် ဟင့် အီးဟီး ''

Ian တစ်ယောက် Hotel ရှေ့မှာ ငုတ်တုတ်ကြီးထိုင်ပြီး ငိုနေမိသည်။ ရှက်ရမှာ ဘာညာလည်းမတွေးမိတော့၊ ငယ်ငယ်ကထဲက ခိုးချစ်လာရတဲ့ ဦးကို နောက်ဆုံး သူပဲပိုင်ရမည်ဟု တွေးထားခဲ့တာ၊ တွေးခဲ့ရအောင်လည်း ဦးနားမှာ သူကလွဲပြီး ဘယ်သူမှမရှိခဲ့ဘူးမလား။ အခုတော့ နောက်မှပေါ်လာတဲ့သူက ဦးရဲ့ စိတ်ကို အပိုင်စားရထားတယ်တဲ့။ ဘယ်လောက်ခံပြင်းဖို့ကောင်းလိုက်လဲ။

'' အီးဟီး ဟင့် ''

ရှေ့ကလုံခြုံရေး ဦးလေးကြီးတွေက Ian ကိုဆွဲထုတ်တော့မယ့်ပုံစံ ဖြစ်နေကြတာမလို့ Ian အမြန်ထလိုက်သည်။ တစ်ရှက်ကနေတော့ နှစ်ရှက်အဖြစ်မခံနိုင်။ ကိုယိ့ဟာကိုယ်သာ ထသွားတော့မည်။

'' ရော့ ''

ရုတ်တရက် Ian ရှေ့ကိုရောက်လာတဲ့ လူတစ်ယောက်။ လက်တဖက်က လက်ကိုင်ပုဝါလေးကမ်းပေးနေသည်၊ mask တပ်ထားတာမလို့ ရုပ်ကို မမြင်ရပေမဲ့ သူ့ပုံစံက ရင်းနှီးနေသလို။

'' ကောင်လေး မယူဘူးလား ''

'' နေပါဦး ဒီအသံက ဟင် ခင်များ နှာဘူးကြီး ''

အသံကိုရင်းနှီးနေတာမလို့ Ian အရှေ့ကလူကြီးရဲ့ mask ကိုဆွဲချွတ်ပစ်လိုက်သည်။

'' အဟား ဘယ်လိုတွေတောင်ခေါ်လိုက်တာလဲကွာ လာပါ
သူများဟိုတယ်ရှေ့ကြီးမှာ ''

ထိုလူကြီးက Ian လက်ကိုဆွဲခေါ်လာကာ ဟိုတယ်ဝန်းရှေ့ ရပ်ထားတဲ့ ကားတစ်စီးဆီကို ခေါ်လာသည်။ ကားက BMW အမျိုးအစားဖြစ်တာမလို့ ချမ်းသာတဲ့လူဖြစ်လောက်မည်။ အေးလေ တရားမဝင်ဆေးတွေရောင်းနေမှတော့ သူတို့တွေမှ မချမ်းသာရင် ဘယ်သူချမ်းသာမလဲ။

'' ခင်များက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ''

'' ကိုယ်လား လုပ်စရာလေးရှိလို့ပေါ့ကွာ မင်းကရော ''

'' ကျွန်တော်က အင်း ကျွန်တော်က နေပါဦး ခင်များအပူပါလို့လား ''

'' ဟင် ကိုယ်ကျဖြေရတယ် ''

'' မသိဘူး မသိဘူး ဘာမှလာမမေးနဲ့ ကျွန်တော် ပြန်တော့မှာ ရော့ ခင်များ လက်ကိုင်ပုဝါ ''

Agent of JoyOnde histórias criam vida. Descubra agora