Married Life - 7 [ Unicode ]

11.9K 776 46
                                        

မိုးအရွာ အိမ်ပြန်နေတဲ့ လမ်းမှာ ရုတ်တရက်ကြီး ကိုကိုကဖုန်းဆက်လာတာကြောင့် မြူးပြုံးလိုက်၏ ။ သုံးရက်လောက် နေမယ်ပြောထားပြီ ခနနေ အိမ်ပြန်ရောက်မဲ့အကြောင်းပြောလိုက်ရင် ကိုကိုပျော်သွားလောက်မည်။

'' Hello ကိုကို၊ ကျွန်တော်ခဏနေ အိမ်ပြန်ရောက် - ''

'' အခုချက်ချင်း ရောက်နေတဲ့နေရာမှာ တစက်မှမလှုပ်ပဲ စောင့်နေ ''

ဟိန်းကနဲ ထွက်လာတဲ့ ကိုကို့အသံကြောင့် မြူးလန့်သွားရသည်။ ကိုကိုက တခါမှ မြူးကိုဒီလိုမအော်ဖူးခဲ့။ မြူး စိတ်ကိုထိန်းလိုက်ပြီး ကိုကို့ ကိုပြန်မေးရသည်။

'' ကိုကို ဘာဖြစ် ''

'' ငါ့ကိုပြန်မမေးနဲ့ ရယ်မြူးသာ၊ အဲ့ပိတ်ထားတဲ့ ဖုန်းက GPS ကိုပါ တခါထဲဖွင့်ထား! ''

'' ဟို ကိုကို ''

ဖုန်းကျသွားတဲ့အသံကိုသာ ကြားလိုက်ရပြီး ကိုကိုက အလောတကြီးနဲ့ ဖုန်းချသွားသည်။ ကားရပ်လို့ရတဲ့ လမ်းဘေးတနေရာမှာ အမြန်ထိုးရပ်လိုက်ပြီး ဖုန်းပြန်ခေါ်လိုက်တော့ ကိုကိုက မကိုင်တော့ပါ။ စိတ်တွေက တုန်လှုပ်နေပေမဲ့ ကိုကိုပြောတဲ့အတိုင်း မြူးပိတ်ထားတာ ကြာပြီဖြစ်သော GPS ကိုဖွင့်ရသည်။ မဟုတ်မှလွဲရော ကိုကိုသိသွားတာများလား။ မဖြစ်နိုင်တာ ဒီကိစ္စကို သူနဲ့ဒေါက်တာနဲ့ကလွဲပြီး ဘယ်သူမှမသိထားတာ သေချာသည်။

ဖုန်းလေးကို ကိုင်ပြီး ကိုကိုပြန်ခေါ်မလား ကြည့်နေမိပေမဲ့ ဖုန်း screen လေးကလင်းမလာပါ။ သက်ပြင်းချလိုက်ပြီး စတီယာတိုင်ပေါ် လက်တင်၍မျက်နှာမှောက်ချလိုက်သည်။ အရင်တစ်ခေါက် ပြသာနာဖြစ်တုန်းကတောင် ကိုကိုဒီလောက်ဒေါသမထွက်ခဲ့။

ခနအကြာ မြူးဖုန်းထဲ message ရောက်လာတဲ့အသံကြားရတာကြောင့် အမြန်ဖွင့်ကြည့်လိုက်သည်။ ကားနောက်မှာ၊ ခုချက်ချင်းဆင်းခဲ့ဆိုတာကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ မြူးကားအနောက်မှာ ကားအနက်တစ်စီး ရပ်ထားတာတွေ့လိုက်ရသည်။ ခပ်မြန်မြန်ပဲ အိတ်နဲ့ ဖုန်းကိုယူကာ ထိုကားစီပြေးသွားလိုက်သည်။ ခပ်ဖွဲဖွဲကျနေတဲ့မိုးကြောင့် ပိုက်ဆံအိတ်ကို ခေါင်းပေါ်ရွက်ထားရသည်။

Agent of JoyWhere stories live. Discover now