Part 1 [ Unicode]

35.5K 1.2K 8
                                        

ခန့်ညားထည်ဝါလှသော မိုးမျှော်အဆောက်အဦးရှေ့ ဆိုက်ရောက်လာသော အဖိုးတန်ကားအနက်ရောင်တစ်စီး။
စောင့်နေကြသော အနောက်တိုင်းဝတ်စုံနဲ့လူတစ်သိုက်က အပြေးအလွှားသွားကာ ကားနဲ့နီးအောင် နေရာဦးမတ်တပ်ရပ်ကြလေသည်။ခေါင်းတွေကတော့ငု့ံလျက်သား။

ကားထဲကအရင်ဆုံးထွက်လာတဲ့သူကတော့ CEO ရဲ့ လက်ထောက်ဖြစ်သူ 'နေဇာန်ဦး' ။ ထို့နောက် နောက်ခန်းတံခါးကိုဆွဲဖွင့်လိုက်ချိန်မှာတော့ အပြင်မှာ ရပ်နေသူ အားလုံး အသက်တောင်ရဲရဲ မရှူရဲကြတော့။

' ခက်ထည်မာန်ဝင့် ' ဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။
သူ့ကို စေ့စေ့ကြည့်ဖို့ မပြောနဲ့ သူ့အမိန့်မရပဲ မော့ကြည့်ရင်တောင်
ကြိုက်တဲ့သူမဟုတ်။ အသက်ကတော့ ၃၀ဝန်းကျင်လို့ ခန့်မှန်းကြပေမဲ့ ထိုသူ့ရဲ့ အသက်ကို မည်သူကမျှ တိတိပပ မသိကြ။ သိလည်းမသိရဲကြ။ အကဲစမ်းပြီး ထိုသူ့နောက်ကြောင်းသွားစုံစမ်းလို့ကတော့ ခနအတွင်း ဘဝပျက်ကာ လမ်းဘေးရောက်သွားမည်လေ။

ကားပေါ်ကလူ ဆင်းလာတဲ့သူရဲ့ ရုပ်ရည်က​ တည်ကြည်ကာ ပြတ်သားမှုအပြည့်။ မည်းနက်ကာဖြောင့်တန်းနေသော မျက်ခုံးမွှေးတို့ရဲ့ ခန့်ညားမှုကို နားထင်မှာရှိတဲ့ မှဲ့နက်တစ်လုံးကပ့ံပိုးပေးထားသည်။ ကော့ညွတ်နေတဲ့မျက်တောင်မွှေးတွေနဲ့ မဟူရာမျက်ဆံတို့ရဲ့အောက်က နှာတံမြင့်မြင့်ကအထင်းသား။ တိတိရိရိ စေ့ထားတဲ့ နှုတ်ခမ်းတစ်စုံက အရယ်အပြုံးမရှိသလောက်နည်းပါးသည်။

မြင့်မားသော ၆ပေကျော်အရပ်နဲ့အတူ ကြီးမားကျယ်ပြန့်သောရင်အုပ်ကျယ်တို့ပေါင်းစပ်လိုက်သောအခါတွင်မူ ထိုသူ့ရဲ့ ကြင်ဖက်ဖြစ်ချင်သူတွေကဒုနဲ့ဒေး။ သို့သော် ယခုလက်ရှိအချိန်ထိ ခက်ထည်မာန်ဝင့် အနားကိုကပ်ခွင့်ရသည့် ကံထူးသူက​တော့တစ်ယောက်မှ မရှိသေးပေ။

အနက်ရောင်ရှူးဖိနပ်ကိုစီးပြီး ပြတ်သားသောခြေလှမ်းတွေက သူတို့မြင်ကွင်းကပျောက်သွားပြီး အဆောက်အဦထဲ ဝင်သွားတော့မှ ကျန်နေခဲ့သူတို့ အသက်ရဲရဲရှူနိုင်ကြလေသည်။

'' အမလေး ကြောက်လိုက်တာ ငါဒီနေ့ ရုံးစကပ်က မခြောက်သေးလို့ အရောင်တူတာဆွဲဝတ်လာတာ တွေ့သွားမှာကြောက်နေတာ တော်သေးတယ် ''

Agent of JoyTempat cerita menjadi hidup. Temukan sekarang