Part 39 [ Unicode ]

13.3K 746 9
                                        

'' တောင်းပန်ပါတယ် ''

တိတ်ဆိတ်နေသော အခန်းရဲ့အလယ် အကိုတည်မြဲရဲ့အသံသေးသေးလေးထွက်ပေါ်လာသည်။ ကိုကိုကလည်းရုပ်တည်ကြီးနဲ့။ အကိုတည်မြဲဘေးနားက အကိုစက်ဓနဦးကလည်း ကြောက်စရာ။ မနေနိုင်တဲ့ မြူးကပဲ အကိုတည်မြဲလက်ကလေးကို ကိုင်လိုက်ကာ

'' ဟို ရပါတယ် အကိုရဲ့ အကိုလည်း ပျက်စီးစေလိုတဲ့စိတ်နဲ့ပြောတာမှမဟုတ်တာ မြူးနားလည်ပါတယ် ''

အကိုတည်မြဲက မျက်ရည်အဝဲသားနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ရှာသည်။ အမြဲတမ်းပျော်နေတတ်တဲ့ အကိုတည်မြဲက အခုတော့ မျက်နှာငယ်လေးနဲ့ ဖြစ်နေသည်။ အကိုစက်ဓနဦးကများ ဆူထားသည်လား မသိ။ အခုနကထဲက နှစ်ယောက်သား စကားပြောတာလည်းမတွေ့။

'' ငိုမနေနဲ့တော့ နောက်တခါဆိုငါ့ကိုအရင်မေး ငါနဲ့ပေါင်းလာတာ ဘယ်နှစ်နှစ်ရှိပြီလဲ အခုထိငါ့အကြောင်းမသိသေးဘူးလား ''

'' ဟင့် အီးဟီး ရယ်မြူးလေး ''

ကိုကိုက ရုပ်တည်ကြီးနဲ့ပြောလိုက်တဲ့အခါ နဂိုကမှငိုချင်ရဲ့ လက်တို့ဖြစ်နေတဲ့ အကိုတည်မြဲက မြူးရင်ခွင်ထဲတိုးဝင်ကာ ငိုတော့သည်။ မြူးလည်း အကိုတည်မြဲရဲ့ကျောပြင်ကို ပုတ်ပေးလိုက်သည်။

'' ရပါတယ် အကိုတည်မြဲ ကျွန်တော်ခွင့်လွှတ် အင့် ကိုကို! ''

ကိုကိုက မြူးနဲ့မျက်နှာချင်းဆိုင် ထိုင်နေရာမှထလာကာ အကိုတည်မြဲကိုဖက်ထားတဲ့ မြူးကို ဆွဲပွေ့လိုက်တာဖြစ်သည်။ အကိုတည်မြဲကလည်း ဆက်ငိုရမလို မငိုရမလို။

'' အဲ့ကောင်ဟန်လုပ်နေတာ တကယ်မငိုဘူး ချော့မနေနဲ့ ''

'' ဘာ ခက်ထည်မာန်ဝင့် မင်းငါနဲ့ရန်ဖြစ်ချင်နေတာလား ''

ကိုကိုက ပါးခွက်ပေါ်အောင် ပြုံးလိုက်ပြီး ချီထားတဲ့ မြူးကို ပင့်တင်လိုက်သည်။ ထို့နောက် အော်ဟစ်နေတဲ့ အကိုတည်မြဲကို ထားခဲ့ကာ အခန်းထဲကထွက်လာသည်။

'' အဲ ကိုကို အကိုတည်မြဲ ''

မြူးစကားမဆုံးခင် ကိုကိုက မျက်မှောင်ကြီးကြုတ်ပြီး ငုံ့ကြည့်လာတာကြောင့် ပါးစပ်ကိုအမြန်ပိတ်လိုက်ရ၏ ။ ကိုကိုက မျက်လုံးတို့မှေးစင်းပြီး ကြည့်လာကာ

Agent of JoyDonde viven las historias. Descúbrelo ahora