Part 36 [ Unicode ]

13.5K 727 10
                                        

သူနာပြုတစ်ယောက်မှလွဲ ဝင်ခွင့်မရှိသော ဆေးရုံခန်းထဲသို့ မျက်နှာဖုံးနဲ့ လူတစ်ယောက်ဝင်လာသည်။ ဆေးရုံကုတင်ထက် လှဲလျောင်းနေသော အမျိုးသမီးကို မြင်တာနဲ့ မျက်နှာဖုံးအောက်က ထိုလူ့နှုတ်ခမ်းတွေ အနည်းငယ်ပြုံးသွားသည်။

'' နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ ''

ထိုလူ လက်ဖျောက်တချက်တီးလိုက်တာနဲ့ အနက်ရောင်လူအုပ်စုဝင်လာကာ တွန်းလာတဲ့ကုတင်ပေါ် ထိုအမျိုးသမီးကိုချီတင်လိုက်သည်။ ထို့နောက် အခန်းထဲရပ်နေသူကို ဦးညွတ်သွားကြပြီး အခန်းပြင်သို့ ကုတင်ကိုတွန်းလျက် ခပ်သွက်သွက် ထွက်သွားကြ၏ ။

ရွေ့လျားနေတဲ့ ကုတင်ပေါ်က အမျိူးသမီးရဲ့ ညာဘက်လက်ညှိုုးကလေး တချက်လှုပ်သွားသည်ကိုတော့ သတိမထားမိလိုက်ကြချေ။

_______________________________________

'' အဟွတ် အဟွတ် ''

'' မာမီမပြောဖူးလား ရေကိုအဲ့လောက်အကြာကြီး မချိုးပါနဲ့ဆိုတာကို အခုတော့ဖြစ်ပြီမလား ''

မာမီက ပူပူနွေးနွေး ကြက်သားဆန်ပြုတ်ခပ်ထားတဲ့ ဇွန်းကိုမှုတ်ရင်း ရေရွတ်လိုက်သည်။ မျက်နှာကြီးတည်နေတဲ့ မာမီ့နားကပ်သွားလိုက်ကာ မျက်လုံးတွေမှိတ်အောင် ပြုံးပြလိုက်သည်။

'' နောက်တခါမဖြစ်စေရပါဘူးဗျ ဒီတခါတော့ခွင့်လွှတ်ပေးပါနော် ''

သားဖြစ်သူရဲ့ချွဲတဲ့ဒဏ်ကို မခံနိုင်စွာ ဒေါ်လမင်းသာပြုံးလိုက်မိသည်။ နေမကောင်းတဲ့ကလေးကို ဆက်မဆူချင်တော့တာကြောင့် ငြိမ်နေလိုက်တော့သည်။ အဖျားရှိန်ကြောင့် ပန်းရောင်သမ်းနေတဲ့ သားရဲ့မျက်နှာကလေးကို မြင်ရတော့ စိတ်မကောင်း။ နောက်နေ့မှ သားအတွက် အားရှိစေတဲ့တိုင်းရင်းဆေးစပ်ခိုင်းရဦးမည်။

'' အာ မာမီ ခွံ့လေ မြူးပါးညောင်းနေပြီ ''

ဘာတွေ တွေးနေမှန်းမသိသည့် မာမီက မြူးပြောမှ ဆန်ပြုတ်ကိုခွံ့ပေးလာသည်။ မနေ့က ရေချိုးတာကြာသွားတာကြောင့် ညရောက်တော့ မြူးဖျားတော့သည်။ တညနေလုံး အကောင်းကို ညအိပ်ခါမှ ကောက်ခါငင်ခါ ထဖျားသည်။ သူနေမကောင်းတော့ မာမီရော ဒေါ်ပုပါ မနားရ။ ဒယ်ဒီကလည်း အခန်းထဲစောင့်အိပ်ပေးရှာသည်။

Agent of JoyWhere stories live. Discover now