Part 5 [ Unicode ]

15.5K 894 6
                                    

'' အဲ့တော့ ဒီနေ့ညနေ ခက်ထည်မာန်ဝင့် နဲ့မင်းနဲ့ ချိန်းထားတာပေါ့ ဟုတ်လား ''

'' အွန်း ''

အလင်းရဲ့အမေးကို မြူး Strawberry smoothieကို စုပ်သောက်နေရင်းဖြေပေးလိုက်သည်။ မနေ့ညက ဟိုလူကြီးက ဖုန်းချသွားပြီးမှ လူချင်းတွေ့ပြီး တောင်းပန်စေချင်တယ်ဆိုလို့ ဘယ်အချိန်အဆင်ပြေလဲ ဆိုပြီး message ပို့လာသည်။ ကိုယ်ကတောင်းပန်စေချင်ခဲ့ပေမဲ့လည်း အခုလိုမျိုးကျ အားနာသည်။

သူတို့လို လူတွေအတွက် တစက္ကန့်ကလည်း ရွှေမဟုတ်လား။
မြူး ငြင်းဖို့ စဉ်းစားလိုက်ပေမဲ့ ကိုယ်ကပြောထားတာဆိုတော့လည်း လက်ခံမိလိုက်သည်။ လူချင်းတွေ့ပြီး ဘာတွေပြောမလဲ ဆိုတာလည်း သိချင်မိသည်။

'' သေချာရဲ့လား မြူးရယ် ခက်ထည်မာန်ဝင့် က တခါတခါတွေ့ဖို့ အဲ့လောက်ခက်တာကို သူ့ဘက်မင်းကိုစချိန်းတယ်?''

'' ဟီး တကယ်တော့ သူ့လက်ထောက်ကို ငါကစပြော
လိုက်တာ ငါ့ကိုမုန့်တွေလာပို့နေလို့ စော်ကားတာလားလို့ပြောလိုက်တာ ခင်များ ဆရာကို ကိုယ်တိုင်လာတောင်းပန်ခိုင်းလိုက် ဆိုပြီး ''

ုမြူးရဲ့ စကားအဆုံး အလင်းကပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားသည်။ ခက်ထည်မာန်ဝင့် နဲ့ချိန်းပြီးပြီးချင်း အလင်းကိုဖုန်းဆက်ကာပြောလိုက်တော့ မနက်ကျတွေ့ပြီးပြောကြမယ်ဆိုပြီး အခု Vintage cafe ကိုရောက်နေကြတာဖြစ်သည်။ မိုးသားကတော့ အလုပ်ဝင်နေပြီမို့လို့ ကြားရက်တွေဆို မလာနိုင်တော့။ ကိစ္စမရှိ။ အလင်းက အကုန်သိတာနဲ့ မိုးသားကို သေချာပေါက်ပြောပြလိမ့်မည်။ အဲ့နှစ်ယောက်က တခါတလေ မတည့်ပေမဲ့ ကပ်နေကြရင်လည်း ခွာလို့ကိုမရ။

'' တကယ်ထူးဆန်းတယ် ''

'' ဘာကလဲ ''

'' ခက်ထည်မာန်ဝင့် ကအဲ့လိုလိုက်လျောပေးတာကိုထူးဆန်းတယ်လို့ ပြောတာ တကယ်ကြောက်စရာကြီးနော်သူက နှစ်ခါတွေ့တာ နှစ်ခါလုံး ရုပ်တည်ကြီးနဲ့ ''

'' အင်း ဒါကလူ့အသက်နဲ့ဆိုင်တယ်လေကွာ အဲ့ကြောင့်နေမှာပါ ''

'' ဟုတ်မှာပါ ''

နှစ်ယောက်သားအတွေးကိုယ်စီနဲ့ ငြိမ်သွားကာ မြူးကတော့ ဆိုင်အပြင်ဘက်ကိုလှမ်းကြည့်နေမိသည်။
အဲ့လူကြီးပက်သက်လာရင် ငါ့ရင်တွေ တမျိုးကြီးဖြစ်နေသလိုပဲ အလင်း။

Agent of JoyOnde histórias criam vida. Descubra agora