Part 8 [ Zawgyi]

4.9K 113 0
                                        

မြူးကိုယ်​​ပေါ်မှာ ခြုံပေးထားတဲ့ ကုတ်အိင်္ကျီထူထူကြီးကို လက်နဲ့ဆုပ်ကာ ခက်ထည်မာန်ဝင့် အနောက်ကနေ လိုက်လာခဲ့သည် ။
မြူးတို့ဆက်နမ်းနေတုန်း နေဇာန်ဦးတို့ ရောက်လာတာမို့ ရှက်လိုက်တာဆိုတာ။ လဲကျနေတဲ့ ကောင်မလေး ကိုခေါ်သွားကြကာ သူတို့က အရင်ထွက်သွားကြသည်။

အခုခက်ထည်မာန်ဝင့်နဲ့ မြူးနဲ့ နှစ်ယောက်ထဲ အနောက်မှာ ကျန်နေခဲ့သည်။ မြူးအေးနေတာကိုသိလို့ထင်သည်၊ ခက်ထည်မာန်ဝင့် က သူ့အပေါ်ကုတ်ကိုချွတ်ကာ မြူးအပေါ်ခြုံပေးလာသည်။ အိင်္ကျီကနေ ခပ်သင်းသင်းရနေတဲ့ ယောကျာ်းဆန်တဲ့ ရနံ့က မြူးနှာခေါင်းကို ကျီစယ်လျက်။

'' တစ်ယောက်ထဲ ပြန်လို့ဖြစ်ရဲ့လား အတော်မှောင်နေပြီ ''

'' ဟုတ်ရပါတယ် အိမ်နဲ့သိပ်မဝေးဘူးရယ် ''

ခက်ထည်မာန်ဝင့် က မြူးစကားကိုကြားတော့ ခေါင်းငြိမ့်သည်။
မြူး အောက်နှုတ်ခမ်းကို အသာကိုက်လိုက်ကာ

'' ဟို ခုနက ''

'' အင်း စောနက''

'' အဟင်း ''

နှစ်ယောက်သား စကားတိုက်သွားတာမို့ မြူးရယ်လိုက်မိသည်။
ခက်ထည်မာန်ဝင့်ကလည်း ပြုံးယောင်သမ်းသွားသည်။

'' မင်းအရင်ပြောပါ ''

'' ဟို ခုနက မြူးနမ်းလိုက်တာကလေ ဒီတိုင်း အင်း သူကမယုံဘူး ထင်လို့ သက်သေပြလိုက်တာပါ တခုခုမူမမှန်ဘူးထင်လို့ ''

အေးလို့ နှာခေါင်းလေးရော ပါးလေးတွေရော ရဲတတ်နေသည့်ကောင်လေးက ပြောပြီးတာနဲ့ ခေါင်းငုံ့သွားသည်။ ရဲတတ်နေတဲ့နှုတ်ခမ်းပါးလေးတွေဆီရောက်တော့ ခက်ထည် တံတွေးမြိုချလိုက်မိသည်၊၊

'' အဟမ်း အဲ့တုန်းက ကိုယ်လည်းပြန်နမ်းခဲ့တာပဲလေ
ကြေပြီ မဟုတ်ဘူးလား ''

ခက်ထည်ပြောလိုက်တော့ ကောင်လေးက ခေါင်းမော့လာပြီး သူ့နှုတ်ခမ်းသူပြန်ကိုက်ကာ ဘာပြောရမှန်း မသိတော့သည့်ပုံ။

'' ဟုတ်ကဲ့ ကြေပါပြီ ''

ကောင်လေးရဲ့စကားအဆုံး ခက်ထည်ရယ်ချမိတော့မလိုဖြစ်သွားသည်။ ပြီးမှ ကိုယ့်အိနြေ္ဒကို ပြန်ဆည်လိုက်ပြီး

Agent of JoyDonde viven las historias. Descúbrelo ahora