trainee တွေကို Breaktime ခနပေးထားတုန်း ရယ်ရယ်မောမောစကားပြောနေကြသော မင်းမြတ်နဲ့မသီရိကို နေဇာန်မျက်စိ စပါးမွှေးစူးစွာ ကြည့်လိုက်သည်။ ကိုယ့်မှာတော့ သူတစ်မနက်လုံး အလုပ်များနေရတာ မောမှာစိုးလို့ ကန်တင်းသွားပြီး ဖျော်ရည်လေး အပြေးအလွှားဝယ်ထားပေးရတာ၊ ချစ်သူသက်တမ်း နှစ်လကျော်အတွင်း တနေ့တနေ့ သူ့ကိုအလိုလိုက်ပေးရတာ များလွန်းလို့ အလုပ်တာဝန်တွေ လစ်ဟင်းပြီး အကိုကြီးဆီက ခနခနအဆူခံရတာလည်း များပြီ။
မသီရိက မိန်းကလေးအဖွဲ့၂ ခေါင်းဆောင်ဖြစ်ပြီး အကိုကြီးကိုယ်တိုင်ခန့်အပ်ထားတာကြောင့် စာရိတ္တပိုင်းနေရာက ပြောစရာမလို။ သို့ပေမဲ့ သည်နေရာမှာ မသီရိမှမဟုတ်၊ တခြားတစ်ယောက်ယောက်ဆိုရင်လည်း နေဇာန်သဝန်တိုမိမှာပင်။ နားချိန်လေးရတာတောင် တစ်မနက်လုံးခွဲနေရတဲ့ ချစ်သူအနားပြေးမလာဘူး။ မင်းမြတ်တေဇ ငါနဲ့တွေ့မယ်။
ထိုနှစ်ယောက်ရှိရာသို့ ခပ်မြန်မြန်လျှောက်သွားလိုက်ပြီး နေဇာန်အချိုသာဆုံး ပြုံးကာ
'' မသီရိ နေကောင်းလား ''
'' အော် ကိုနေဇာန်ဦး၊ နေကောင်းပါတယ်ရှင့် မတွေ့ရတာတောင်ကြာပြီနော် ''
'' ဟုတ်ပါရဲ့ဗျာ၊ အော် ဒါက မသီရိအတွက် အအေးလေးပါ၊ အမောပြေသုံးဆောင်လိုက်ပါဦး ''
'' အို ကျေးဇူးပါရှင့်၊ ကောင်းကောင်းသောက်ပါ့မယ်နော်၊၊ ကဲ ဒါဆို ကိုနေဇာန်နဲ့ ကိုမင်းမြတ်ကိုနှုတ်ဆက်ပါတယ် နားချိန်လည်းပြည့်ခါနီးပြီဆိုတော့ ကလေးမတွေကို ပြန်သွားကြည့်လိုက်ပါဦးမယ် ''
'' ကောင်းပါပြီဗျာ ''
အအေးဘူးလေးကို လက်ကဆွဲကာ ထွက်သွားသော မသီရိကို မင်းမြတ်မှာ နှူတ်တောင်မဆက်နိုင်ပဲ ဘေးနားက နေဇာန်ကိုလှည့်ကြည့်လိုက်သည်။
'' ဇာန်! အဲ့ဒါဘာလုပ်တာလဲ! ''
'' ဟင် ငါဘာလုပ်လို့လဲ ''
'' ဘာလုပ်ရမှာလဲ! မသီရိနဲ့ပဲ ပြုံးပြီးပြောနေတာ၊ ကိုယ့်ကို နည်းနည်းလေးတောင်အဖက်မလုပ်ဘူး! ''
'' ဘယ်လို! အဲ့ဒါကမင်းလည်း အတူတူပဲ မဟုတ်ဘူးလား၊ မင်းကျ ငါ့ကိုမေ့ပြီး မသီရိနဲ့ စကားပြောလို့ရတယ်။ ငါကျအဲ့လိုမရဘူးပေါ့ ဟုတ်လား ''
أنت تقرأ
Agent of Joy
قصص عامة- 1 - 𝑨 𝒃𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍 𝒍𝒐𝒗𝒆 𝒔𝒕𝒐𝒓𝒚 𝒐𝒇 𝒕𝒉𝒆 𝒓𝒊𝒄𝒉𝒆𝒔𝒕 𝒎𝒂𝒏 𝒘𝒉𝒐𝒔𝒆 𝒑𝒐𝒘𝒆𝒓 𝒊𝒔 𝒂𝒕 𝒕𝒉𝒆 𝒕𝒐𝒑 𝒐𝒇 𝒕𝒉𝒆 𝒄𝒐𝒖𝒏𝒕𝒓𝒚 𝒂𝒏𝒅 𝒂 𝒔𝒘𝒆𝒆𝒕 𝒊𝒏𝒏𝒐𝒄𝒆𝒏𝒕 𝒃𝒐𝒚 𝒘𝒉𝒐 𝒊𝒔 𝒇𝒓𝒐𝒎 𝒂 𝒕𝒚𝒑𝒊𝒄𝒂𝒍 𝒔𝒊𝒎𝒑...