Part 32 [ Unicode ]

14K 778 8
                                        

မျက်နှာကြီးတည်ပြီး ကားမောင်းနေတဲ့ကိုကို့ကို ကြည့်လိုက်သည်။ မေးကြောတွေပါထောင်နေအောင် အံကြိတ်ထားပုံကိုကြည့်ပြီး မြူးခေါ်ချင်သော်လည်း မခေါ်ရဲ။ အော်ခံရရင် ဘယ်လိုလုပ်မလဲ။

'' အဟမ်း ''

အရဲစွန့်ပြီး ချောင်းဟမ့်လိုက်သော်လည်း ကိုကိုကလှည့်မကြည့်။ မြူးအောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး အားတင်းလိုက်သည်။

'' ဟို ကိုကို ''

ကောင်လေးဆီက ခေါ်သံကြားတာကြောင့် ခက်ထည်လှည့်ကြည့်လိုက်ပြီး ပြောဆိုတဲ့သဘောနဲ့မေးဆတ်ပြလိုက်သည်။ သို့သော် ကောင်လေးက ပြန်မဖြေပဲ သူ့အိတ်ကိုသူလက်ကလေးတွေနဲ့ဆုပ်ကာ ကားမှန်ဘက်လှည့်သွားတာကြောင့် ခက်ထည်ခိုးပြုံးလိုက်သည်။ ဒီကလေး သူ့ကိုကြောက်နေတာများလား။

'' ပြောလေ မြူးငယ် ''

'' အီး ကိုကိုစိတ်ဆိုးနေတာမဟုတ်ဘူးလား ''

မျက်နှာလေးကိုချစ်စဖွယ်မဲ့ကာ သူ့လက်မောင်းကိုမှီပြီး လာချွဲသောကောင်လေးကြောင့် ခက်ထည်အပြုံးတွေမရပ်တန့်နိုင်။ ချစ်စရာကောင်းအောင်လုပ်ယူနေတာမဟုတ်ပဲ အပြုအမူတစ်ခုစီတိုင်းက ချစ်စရာကောင်းနေတာ ဖြစ်သည်။

'' ကိုယ့်ကောင်လေးကို စိတ်ဆိုးစရာလား ''

'' သိဘူးလေ ကိုကိုကရုပ်ကြီးတည်နေတာကိုး ''

'' အဟက် အဲ့လိုဖြစ်သွားတာလား ''

- ရွှတ်

လက်မောင်းပေါ်လာတင်ထားတဲ့ မျက်နှာလေးကိုငုံ့နမ်းလိုက်တော့ ပါးမို့မို့လေးက ပန်းရောင်သမ်းသွားတာမြင်တော့ ခက်ထည်ရင်ထဲ ယားတတ်သွားသည်။

- ring ring

ကြည်နူးနေတဲ့အချိန်ကို လာဖျက်ဆီးသောဖုန်းသံ။ ပေါ်နေတဲ့ နာမည်ကိုကြည့်လိုက်တော့ နေဇာန့်ဆီက။ နေဇာန်က အကြောင်းကိစ္စမရှိပဲ ဖုန်းခေါ်စရာမရှိတာမို့ ကိုင်လိုက်ရသည်။

'' အင်း နေဇာန် ''

'' Boss စုံစမ်းခိုင်းထားတဲ့ case ကို email ပို့ထားပါတယ် ''

'' အင်း ငါကြည့်လိုက်မယ် ကျေးဇူး နေဇာန် ''

'' ပြီးတော့ Boss, ဟိုတနေ့က ဖိတ်ထားတဲ့ လုပ်ငန်းရှင်ဆွေးနွေးပွဲက အဲ့ဒါ Boss ကိုယ်တိုင်တတ်ပေးရမယ်ထင်ပါတယ် ''

Agent of JoyOnde histórias criam vida. Descubra agora