Part 12 [ Unicode ]

15.1K 850 4
                                        

ဒီနေ့ အကိုတည်မြဲနဲ့ အကိုစက်ဓနတို့USပြန်မှာဖြစ်သောကြောင့်မြူးတို့လေဆိပ်ရောက်နေကြသည်။မသွားခင်တစ်ခေါက်တွေ့ကြဦးမည်လို့ ပြောခဲ့ပေမဲ့ မတွေ့ဖြစ်လိုက်ရတာမို့ လေဆိပ်ကိုတော့လိုက်ပို့ဖြစ်အောင် ပို့ခဲ့သည်။ စစချင်းတုန်းက အကိုတည်မြဲကို နဲနံတမျိူးဖြစ်ခဲ့ပေမဲ့ အကိုကတကယ်ပွင့်လင်းပြီးကူညီတတ်တဲ့သူတစ်ယောက်ပင်။

Instagramမှာ အပြန်အလှန်follow ထားပြီး စကားတွေလည်းပြောဖြစ်ကြသည်မို့ မြူးနဲ့ အကိုတည်မြဲ နဲ့က အတော်ခင်နေပြီ။ အကိုစက်ဓနဦးကတော့ အနေအေးပြီး သီးသန့် ဆန်တတ်ပုံပေါက်သည်။

'' ရယ်မြူးလေး လာပါဦး ဖက်ထားချင်လို့ ''

ပွေ့ဖက်လာတဲ့ အကိုတည်မြဲ ကို မြူးပြန်သိုင်းဖက်ပေးလိုက်သည်။အတော်ကြာတဲ့အထိ အကိုတည်မြဲက ဖက်ထားတုန်းမို့ မြူးလည်း အသာငြိမ်နေပေးလိုက်သည်။

'' တော်တော့ ''

'' ဘာလဲ မင်းက ''

အကိုစက်ဓနဦးက အကိုတည်မြဲရဲ့ ဂုတ်ကနေဆွဲပြီးတော့ ဆွဲခွာလိုက်တာမို့ အကိုတည်မြဲက စူပုပ်ပုပ်။

'' ညီလေးရယ်မြူး US ကိုအလည်လာခဲ့ရင် အကိုတို့ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ ''

'' ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကိုဓန ''

ပြန်မှာက မြူးရဲ့ သူငယ်ချင်းတွေလား ခက်ထည်မာန်ဝင့် ရဲ့ သူငယ်ချင်းတွေလားမသိ။ မြူးကချည်း ဒိုင်ခံနှုတ်ဆက်နေရသည်။

'' ခက်ထည် မင်း US လာရင် နေဇာန့်ကိုပါခေါ်ခဲ့ကွာ ။ ဒီတစ်ခေါက်မတွေ့ခဲ့ရဘူး ''

'' အင်း ပြောလိုက်မယ်။ ဝင်တော့ ''

ထိုကျမှ အကိုတည်မြဲက ခေါင်းငြိမ့်ကာ တဖက်က luggage ကိုဆွဲပြီး တဖက်က အကိုဓနလက်ကိုဆွဲကာ ဝင်ဖို့သွားတန်းစီတော့သည်။ မြူးတို့လည်း အကိုတည်မြဲတို့ အထဲရောက်သည်အထိ စောင့်ကြည့်ပြီးမှ အပြင်သို့ပြန်ထွက်ခဲ့သည်။

'' အကိုနေဇာန်ဦးက ဘယ်သွားတာလဲဟင် ''

'' UK က ရုံးခွဲတစ်ခုမှာ case လေးတစ်ခုဖြစ်လို့ ကိုယ့်အစားသွားပေးတာ ''

Agent of JoyHikayelerin yaşadığı yer. Şimdi keşfedin