Part 45 [ Unicode ]

13.1K 691 12
                                        

ဆေးအရှိန်နဲ့ အိပ်မောကျနေတဲ့ ကောင်လေးကိုကြည့်ရင်း လျှောကျနေတဲ့ စောင်လေးကို ရင်ဘတ်နားအထိ ဆွဲခြုံပေးလိုက်သည်။သူ့ဘဝမှာ မမြင်ချင်ဆုံးမြင်ကွင်းကိုပြောပါဆိုရင် ဒီကောင်လေး ဆေးရုံကုတင်ပေါ်မှာ ဒီလိုအိပ်စက်နေတာပဲ ဖြစ်သည်။ အခုမှသွေးရောင်ပြန်သမ်းလာသော ပါးပြင်နုနုကိုလက်မဖြင့်ဖိပွတ်လိုက်ပြီး သက်ပြင်းချလိုက်၏ ။ သူဘယ်လောက်ထိစိတ်ပူခဲ့ရလဲ သူသာသိသည်။ ဆရာဝန်က အစားမှားလို့ဖြစ်တာပါဟုပြောပေမဲ့ ခက်ထည်စိတ်ထဲခုနေမိသည်။ ကောင်လေးခံစားနေရပုံက သာမာန်အစားမှားရုံမဟုတ်ပဲ ဝေဒနာကြီးကြီးမားမားတစ်ခုဖြစ်နေခဲ့သလို။ သို့သော် ဆရာဝန်ကတော့လိမ်မည်မဟုတ်လောက်။ ကလေးကနဂိုကထဲက အားနည်းပြီး ဝေဒနာမခံစားနိုင်လို့ဖြစ်မည်ဟု တွေးလိုက်သည်၊

ခါးကိုင်းကာ နှဖူးပြေပြေလေးကို အသာဖိကပ်နမ်းလိုက်သည်။ မိဘမဲ့ကျောင်းက မြို့စွန်မှာရှိတာကြောင့် မြို့စွန်ကနေ အနီးဆုံးဆေးရုံကိုဝင်ခဲ့တာဖြစ်သည်။ အိတ်ကပ်ထဲကဖုန်းကိုကြည့်လိုက်တော့ ခေါ်ထားတဲ့ missed call တွေကအများအပြား။ နေဇာန့်ကို အဆင်ပြေကြောင်း message ပြန်ပို့လိုက်ပြီး ဆိုဖာပေါ် ထိုင်လိုက်၏ ။

ဒီအချိန် ကောင်လေးမိဘတွေက တရားစခန်းကနေမထွက်ရသေးတာကြောင့် အကြောင်းမကြားလိုက်တော့။ အဆင်လည်းပြေသွားပြီမို့ လူကြီးတွေကို စိတ်မပူစေချင်တော့ပေ။

'' အင်း ''

ကြားလိုက်ရသော အသံလေးကြောင့် ခက်ထည်ဆေးရုံကုတင်နားကိုလျှောက်သွားလိုက်သည်။

'' မြူးငယ် ''

'' ကိုကို ''

'' အင်း ကိုကိုရှိတယ် ဆရာဝန်သွားခေါ်လိုက်ဦးမယ်
ခနလေးနော် ''

'' မသွားပါနဲ့ ''

အိင်္ကျီလက်မှာတင်းခနဲ ဖြစ်သွားတာကြောင့် ခြေလှမ်းဖို့ပြင်နေရာမှပြန်လှည့်လိုက်သည်။

'' ခနလေးပဲလေ ဆရာဝန်လာစစ်ပြီး စိတ်ချရမှ ဆေးရုံက
ဆင်းရမှာ နော် ကလေးလေး အိမ်ပြန်ရအောင်လေ ''

ကိုကို့ဆီက အိမ်ပြန်ရအောင်ဆိုတဲ့ စကားကြားပြီး ငိုချင်လာရသည်။ နိုးလာကထဲက စိတ်ကဘာဖြစ်နေမှန်းမသိ။ ဗိုက်တွေအရမ်းအောင့်ပြီး ဆေးရုံရောက်ကထဲက သတိလစ်သွားတာထိပဲမှတ်မိတော့သည်။ နောက်ဆုံးမြင်လိုက်ရတာက မြူးကိုစိုးရိမ်တကြီး ကြည့်နေခဲ့တဲ့ ကိုကို့မျက်နှာ။

Agent of JoyDonde viven las historias. Descúbrelo ahora