Married Life - 9 [ Unicode ]

13.2K 686 36
                                    

'' မြန်မာပြည်ကြီးရေ၊ ငါပြန်လာပြီဟေ့ ''

လက်ထဲက ခရီးဆောင်အိတ်ကိုလွှတ်ချကာ Ian ဝမ်းသာအားရအော်ပစ်လိုက်သည်။ နောက်ဆုံးတော့ မြန်မာပြည်မှာ ကျောင်းတတ်ရတော့မယ်။ Daddy ကအလုပ်ကိစ္စလွှဲနေတာတွေ မပြီးပြတ်သေးတာကြောင့် နောက်တစ်လ၊ နှစ်လလောက်နေမှ မာမားနဲ့ အတူလိုက်လာမည်ဖြစ်သည်။

လေဆိပ်ကလူတွေ သူ့ကိုထူးဆန်းသလိုကြည့်နေကြတာသိပေမဲ့ ဂရုမစိုက်စွာပဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ မြန်မာပြည်ရဲ့ အငွေ့အသက်ကို တဝကြီးခံစားလိုက်၏ ။

ရန်ကုန်မှာ ကွန်ဒိုတစ်ခန်းဝယ်ထားလိုက်ပြီး မိသားစုသုံးယောက်တူတူနေကြမှာဖြစ်၏ ။ဖြတ်သန်းရမယ့် အနာဂတ်ကိုတွေးပျော်နေရင်း ခရီးဆောင်အိတ်ကြီးကိုဆွဲကာ Ian ကော့တော့ကော့တော့နဲ့ ထွက်လာခဲ့သည်။

'' ဟာ့ လူတစ်ယောက်လုံးကို မမြင်ဘူးလား ခင်များ!  ''

နေကာမျက်မှန်အမည်းကြီးတပ်ထားတဲ့လူက Ian ထက်ခေါင်းသုံးလုံးစာလောက်မြင့်တာမို့ မော့ကြည့်နေရသည်။ မာမားကသူများတွေလိုရှည်အောင်မွေးပေးမထားတော့ အခုသားလေးက သူများတွေကိုမော်ဖူးနေရသည်။

'' ဟိတ် ဒီမှာ ခင်များ ကျွန်တော်ပြောနေတာ ကြားရဲ့လား! အွတ် ဟေ့လူ ဘာလုပ်တာလဲ လွှတ် ''

ရုတ်တရက်ကြီး ထိုလူက Ian တစ်ကိုယ်လုံးကို သိမ်းကြုံးဆွဲဖက်ပစ်လိုက်သည်မို့ အသက်ရှူကြပ်သွားရသည်။ ဘာလဲ ဒီလူရူးနေတာလား။ နှာဘူးလား။

'' အရူးလေး ကိုယ့်ကိုမမှတ်မိဘူးလား ''

နေကာမျက်မှန်ကိုချွတ်ပြီး ပြုံးကြည့်လာတဲ့သူကို Ian ပြူးကြည့်လိုက်၏ ။ ထိုလူက ပြုံးနေကာ Ian ပါးပြင်ကိုရွှတ်ခနဲနမ်းသွားသည်။ ကိုယ့်ကိုနမ်းသွားတာတောင် ပြန်မတုံ့ပြန်နိုင်သည်အထိ Ian ဆွံ့အနေမိသည်။

'' ဆေးသမားကြီး ''

'' ဟမ် ''

သူ့ကိုကြည့်ပြီး ပါးစပ် အဟောင်းသားနဲ့ ဆေးသမားကြီးလို့်ခေါ်လိုက်တဲ့ကောင်လေးကြောင့် ရှိန်ဝါတဟားဟားနဲ့အော်ဟစ်ပစ်လိုက်သည်။

'' ခင်များက ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ ''

'' ကိုယ်လား၊ ကိုယ်က မင်းကိုလိုက်ရှာနေတာလေ ''

Agent of JoyDonde viven las historias. Descúbrelo ahora