Part 3 [ Unicode]

17.9K 952 8
                                        

တိတ်ဆိတ်နေတဲ့ ဧည့်ခန်းအတွင်း နေဇာန်ဦးရဲ့ စာရိုက်သံတချောက်ချောက်ကသာ အသံထွက်နေလျက်။

'' နေဇာန် ''

'' အမိန့်ရှိပါ Boss''

'' အိမ်မှာဆို ဘယ်လိုခေါ်ဖို့ ငါသင်ပေးထားလဲ ''

'' တောင်းပန်ပါတယ် အကိုကြီး ''

ခက်ထည်က အိမ်နေရင်း ဆွယ်တာတစ်ထည်နဲ့ အပျော့သားဘောင်းဘီရှည်ကိုဝတ်ထားကာ မှန်တံခါးကနေ ခြံထဲကိုလှမ်းကြည့်နေသည်။ တဖက်မြင်မှန်တွေမို့လို့ ခြံထဲက
အလုပ်သမားတွေကတော့ သူတို့နှစ်ယောက်ကို မြင်နိုင်မှာမဟုတ်။

'' နိုင်ထွန်းတို့ ကိစ္စ ''

'' ည၇နာရီ မြေအောက်ခန်းအရောက်လို့ မှာထားပါတယ် အကိုကြီး ''

​နေဇာန်က ၆နာရီခွဲတာနဲ့ လုပ်လက်စအလုပ်တွေကို သိမ်းသည်။မြေအောက်ခန်းကို ရှင်းလင်းကာ လူတချို့အဖို့ နေရာဖယ်ထားရမည်။ ခက်ထည်မာန်ဝင့် ကို လာထိတဲ့သူတိုင်း သွားရမဲ့လမ်းကို သိသိကြီးနဲ့ နိုင်ထွန်းက ဘယ်လိုသတ္တိမျိုး
​မွေးခဲ့တာပါလိမ့်။

လက်ထဲက စီးကရက်ကို ပြာခွက်ထဲဖိချေလိုက်ပြီး လက်ကျန်အငွေ့တို့ကိုမှုတ်ထုတ်လိုက်သည်။ ခြံထဲမှာ အလုပ်သမား​တွေကို ၆နာရီခွဲအမှီသိမ်းခိုင်းထားသည်မို့ အခုချိန် လူတစ်
​ယောက်မှမရှိလောက်တော့။

နေဇာန် ယူလာပေးတဲ့ Longcoat ကိုဝတ်ဆင်လိုက်ပြီး ဧည့်ခန်းထောင့်က ဂေါက်ရိုက်တံတစ်ခုကိုသွားယူလိုက်သည်။

'' သွားမယ် ''

မြေအောက်ခန်းရောက်တာနဲ့ ​နေဇာန် ကလျိှု့ဝှက်ကုတ်ကို
ရိုက်နှိပ်ကာ တံခါးပွင့်တာနဲ့ ခက်ထည် ကိုနေရာဖယ်ပေး
သည်။

ခုံပေါ်မှာ လက်တွေခြေထောက်တွေကို ကြိုးခတ်ခံထားရတဲ့နိုင်ထွန်းက တဝူးဝူးတဝါးဝါးနဲ့ ရုန်းကန်နေသည်၊ ပါးစပ်ကိုလည်း အဝတ်ဆို့ခံထားရကာ မျက်နှာတစ်ခုလုံးက ဖူးယောင်နေလျက်။

ခက်ထည်မျက်ရိပ်ပြလိုက်တာနဲ့ နိုင်ထွန်းအနောက်မှာ ရပ်နေတဲ့ လူတစ်ယောက်က နိုင်ထွန်း ရဲ့ ပါးစပ်ထဲက အဝတ်စကို ဖယ်ပေးလိုက်သည်။

Agent of JoyTempat cerita menjadi hidup. Temukan sekarang