Part 40 [ Unicode ]

12.4K 706 10
                                    

'' မြန်မာပြည်ရောက်ရင် မြူးငယ်နဲ့ မိတ်ဆက်ပေးစရာလူရှိတယ် ''

'' ဟင် ဘယ်သူနဲ့လဲ ''

'' တွေ့ရင်သိလိမ့်မယ် မြူးငယ်သိတဲ့လူပဲ ''

KNET Hotel ဝင်းထဲမှာပဲရှိတဲ့ ပန်းခြံမှာ မြူးတို့လမ်းလျှောက်နေတာဖြစ်သည်။ Sweatshirt တစ်ထည်ထဲဝတ်ထားတာတောင် ခန့်ညားလွန်းနေတဲ့ ကိုကို့ကို လူတွေက ငေးကြည့်ငေးကြည့် လုပ်သွားကြတော့ သဝန်တိုချင်လာသည်။ တဖက်ကလည်း ကိုကိုက ဒီလောက်ထိသန့်ပြန့်ပြီး ကြည့်ကောင်းနေတော့ ဂုဏ်ယူမိပြန်သည်။ အော်.. လူ့စိတ်ကလည်းအမျိုးမျိုးပါလား။ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းခါလိုက်မိသည်။

'' ခေါင်းကိုက်လို့လား မြူးငယ် ''

'' အမ် အာ မဟုတ်ပါဘူး ကိုကို ''

စိုးရိမ်တကြီးမေးလာတဲ့ ကိုကိုကြောင့် မြူးတွေးနေရာမှရပ်လိုက်ကာ ပြန်ဖြေလိုက်သည်။ ကိုကိုကတော့ ဘယ်ကထဲကယူလာလည်းမသိတဲ့ Long Coat အရှည်ကြီးကို မြူးကိုယ်ပေါ်ခြုံပေးလာသည်။

'' ကိုကိုဘယ်ကယူလိုက်တာလဲ ခုနကမတွေ့မိပါဘူး ''

'' ကောင်းကင်ပေါ်ကကျလာတာ ''

'' ကိုကိုနော် မနောက်နဲ့ ''

ကိုကိုက မြူးခါးကိုပိုတိုးဖက်လိုက်ကာ သူ့ဘက်ရောက်အောင်ဆွဲလိုက်သည်။ လူကြားထဲမှာမို့ မြူး ထိုလက်တွေကို ဖယ်ချဖို့ကြိုးစားလိုက်မိသည်။

'' ဘာဖြစ်လို့လဲ  ''

'' ဟင် မဟုတ် မဟုတ်ပါဘူး ကိုကိုရဲ့ ဟို လူတွေနဲ့မို့လို့ပါ ''

ကိုကိုက မျက်ခုံးတွေကိုတချက်တွန့်ချိုးလိုက်ပြီး ဘာမှမပြောပဲ မြူးခါးပေါ်ကလက်တွေကိုဖယ်ချသွားသည်။ ထို့နောက် မြူးကိုမခေါ်တော့ပဲ သူ့ဟာသူ ရှေ့ကိုဆက်လျှောက်သွားသည်။ မြူးမှာသာ ကြောင်တောင်တောင်နဲ့ အနောက်ကပြေးလိုက်ရသည်။ ကိုကို ဘာဖြစ်သွားတာလဲ။

'' ကိုကို စောင့်ဦးလေ ''

မှီအောင်လိုက်ပြီး အနားရောက်တော့ လက်မောင်းတဖက်ကိုတွဲခိုလိုက်သော်လည်း ကိုကိုကလှည့်ကြည့်မလာပါ။ အရှေ့ကိုသာတည့်တည့်ကြည့်ပြီး ဆက်လျှောက်နေသည်။

Agent of JoyTempat cerita menjadi hidup. Temukan sekarang