Part 23 [ Unicode ] 🔞

19.3K 836 18
                                        

'' ဦး ဟင့် Ian ကိုယူပါနော် ''

'' ဟာ ကျစ်! မင်းကဘယ်လိုရောက်လာတာလဲ! ''

ဦးကိုဆေးခတ်ဖို့ waiter တစ်ယောက်ကိုလာဘ်ထိုးပြီး ခိုင်းခဲ့တာဖြစ်သည်။ သေချာပေါက် အိမ်သာကို အရင်လာမှာလို့ တွက်ထားတာမို့ ကြိုစောင့်နေခဲ့သည်။ တကယ်လည်း ဦးက မောဟိုက်နေတဲ့ပုံစံနဲ့ အိမ်သာထဲကို ပြေးဝင်လာခဲ့သည်။

Ian က အိမ်သာတံခါးလေးကိုဖွင့်ပြီး ချောင်းကြည့်နေတာမလို့ ဦးရဲ့နောက်ကျောပြင်ကျယ်ကြီးကို အတိုင်းသားမြင်နေရသည်။ ဦးက suit အပေါ်ကုတ်ကိုချွတ်ပစ်လိုက်ပြီး ဘေစင်မှာမျက်နှာသစ်နေသည်။

အိမ်သာထဲမှာလည်းလူရှင်းနေတာမလို့ Ian အရဲစွန့်ပြီး ဦးနားကပ်သွားလိုက်သည်။ ဒီလိုအခြေအနေမျိုးမှာ ဦးလည်းသေချာပေါက် သူ့ကို လွန်ဆန်နိုင်မည်မဟုတ်။ ဦးကသူ့ကိုမြင်တော့ အံ့သြတကြီးဖြစ်သွားကာ စိတ်ပျက်သလိုပုံဖြစ်သွားတာမို့ Ian ဝမ်းနည်းသွားမိသည်။

'' မဟုတ်မှ ငါ့ကို ဆေးခတ်တာ မင်း ''

Ian ဘာမှမပြောပဲ ငြိမ်နေလိုက်သည်။ ဦးကိုဒီလိုအချိန် ပြိုလဲပြီး Ian ကိုတွေ့တာနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်မယ်ထင်ခဲ့တာ။ သူဦးကို အထင်သေးမိသွားခဲ့သည်ထင်၏ ။ ဦးက မူအနည်းငယ်ပျက်နေတာကလွဲရင် အရမ်းသိသာနေတာမျိူးမရှိ။

'' Ian Matrick! မင်းစောက်သက်က ငယ်ငယ်လေးနဲ့ ဘယ်ကအတတ်ကောင်းတွေ တတ်လာတာလဲဟမ် !!၊ ဒီလိုအောက်တန်းကျတဲ့နည်းတွေ မင်းကို ဘယ်သူသင်ပေးလိုက်တာလဲ ! ''

'' ဟင့် ဦး Ian ကလေ ''

'' ကိုကို! ''

Ian စကားပြောနေတုန်း အိမ်သာထဲကိုအလောတကြီး ဝင်လာတဲ့ကောင်လေးတစ်ယောက်။ သေချာကြည့်လိုက်တော့ ဦးနဲ့ Dating ထွက်ထားတဲ့တစ်ယောက်ပဲ။ နှစ်ယောက်သား ဝတ်ထားတဲ့ suit ကို ကြည့်လိုက်၊ ထိုကောင်လေးကို မြင်တာနဲ့ အရိုင်းဆန်နေတဲ့ ဦးရဲ့အကြည့်တွေက နူးညံ့သွားတာကို ကြည့်လိုက်နဲ့ Ian တစ်ခုခုကို နားလည်သွားခဲ့သည်။ ဦးမှာ သူ့အတွက်နေရာမရှိတော့ဘူးပဲ။

'' ဟင့် ''

မြူးပုခုံးကို ဝင်တိုက်ပြီး ထွက်ပြေးသွားတဲ့ကောင်လေးကို ကြည့်ရင် မြူးကြောင်အနေမိသည်။ ခုနကကောင်လေးက အကိုတည်မြဲ ရဲ့ ညီမဟုတ်လား။ ထိုကောင်လေးက ဘယ်လိုလုပ်ပြီး ။

Agent of JoyDonde viven las historias. Descúbrelo ahora