Part 16 [ Unicode ]

14.6K 855 0
                                        

ဆေးရုံတတ်ရတာ ၄ပတ်မြောက်တော့ မြူးအတော်ငြီးငွေ့လာသည်။ ဆရာဝန်ကြီးက ၅ပတ်မြောက်မှ ဆင်းစေချင်တယ်ဆိုလို့ အကုန်လုံးက တညီတညွတ်ထဲ မြူးကို ဆေးရုံဆင်းမဲ့စကားတောင် အပြောမခံ။ ဒယ်ဒီကလည်း company တဖက်နဲ့ဆိုတော့ နှစ်ရက်တစ်ခါ ၃ရက်တစ်ခါသာ လာနိုင်သည်။ ဒီဘက်တွေက လာရတာလည်း မလွယ်ဘူးလေ။ မြူးမရှိတော့ အလင်းကပဲ ဆိုင်ကိုကြီးကြပ်နေရတာမို့ သူလည်းသိပ်မလာနိုင်။ မိုးသားကလည်းထို့အတူ။ မာမီနဲ့ ဒေါ်ပုကတော့ ဒီကာလအတွင်း ဆေးရုံကို အိမ်လိုမျိူးကိုဖြစ်နေကြသည်။

- ring ring

ဖုန်းသံ မြည်လာတာမို့ ကြည့်လိုက်တော့ ခေါ်ဆိုသူက ကိုကို ။ ဟိုကိစ္စဖြစ်ပြီးကထဲက ကိုကို လို့ပဲ တောက်လျှောက် ခေါ်နေမိတော့သည်။ အရင်ကဆို ဟိုလူကြီးခေါ်လိုက်၊ ခင်ဗျားလို့ပြောလိုက်နဲ့ ပေါင်းစုံအောင် သုံးမိနေတာ။ အဲ့တုန်းက ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်လိုခေါ်မိသွားလဲ မသိ။ ဒါပေမဲ့ ခေါ်ပြီးတော့လည်း ဆက်ခေါ်ဖို့ရဲတင်းသွားသည်။ ခက်ထည်မာန်ဝင့် ကလည်း ဘာမှမပြောလို့သာ မြူးဆက်ခေါ်ရဲတာ။

'' Hello''

'' အင်း ဒီနေ့ ကိုယ်လာခဲ့မယ် ဘာမှာဦးမလဲ ''

'' စတော်ဘယ်ရီ ရေခဲမုန့်နဲ့ Strawberry Latte ဝယ်ခဲ့ပေးလို့ရမလား ''

'' ရေခဲမုန့်က စားလို့ရပြီမို့လို့လား ''

တဖက်ကလူရဲ့ ပြန်ပြောသံကြားတော့ မြူးနှုတ်ခမ်းစူလိုက်မိသည်။ အခုထိ ဆန်ပြုတ်နဲ့ ကြက်စွပ်ပြုတ်ပဲ သောက်နေရတဲ့သူကို သူနည်းနည်းလေးတောင် မသနား။

'' အဲ့ဒါပဲ စားချင်တာ ''

'' ဦး ဘယ်သူနဲ့ပြောနေတာလဲ ''

ဖုန်းထဲကနေ ကောင်လေး တစ်ယောက်အသံထပ်ကြားလိုက်ရတာမို့ မြူး မျက်မှောင်ကြုတ်လိုက်မိသည်။

'' ဘယ်သူနဲ့ အတူရှိနေတာလဲ ''

'' တည်မြဲရဲ့ညီလေ ၊ အခုမှရောက်လာတာပါ ''

'' Company မှာ မဟုတ်ဘူးလား ''

'' အင်း Company မှာ နေဇာန်လည်း ဘေးမှာရှိတယ် ''

ကိုနေဇာန်လည်းရှိတယ်ဆိုတော့မှ အနည်းငယ်စိတ်သက်သာရာရသွားမိသည်။ ဖြစ်နိုင်ရင် ဦးလို့မခေါ်ခိုင်းနဲ့လို့ပြောချင်ပေမဲ့ ကိုယ်ပြောတာ သူကကြိုက်ဦးမှ။ မြူးစိတ်ရှုပ်စွာနဲ့ ခေါင်းခါမိလိုက်သည်။

Agent of JoyTempat cerita menjadi hidup. Temukan sekarang