Part 17 [ Unicode]

13.6K 813 2
                                    

ဒီနေ့မနက်စာ ကြက်စွပ်ပြုတ်သောက်ပြီးတာနဲ့ မြူးတက်ကြွနေသည်။ luggage ထဲက မြူးအတွက် အိင်္ကျီထုတ်ပေးနေတဲ့သူကြီးကိုကြည့်ရင် ပြုံးလိုက်သည်။

'' ဒီဟာလေး ဝတ်မလား ''

မြူးကြည့်လိုက်တော့ အဖြူရောင်ဆွယ်တာတစ်ထည်။ မြူးက sweater တို့ cardigan တို့ဆို over size တွေပဲ ဝတ်တာမို့ အကုန်လုံးက အကြီးကြီးတွေ။ အိင်္ကျီလက်ထဲတွေထဲ လက်ချောင်းလေးတွေမြုပ်နေတဲ့ထိ ဝတ်ရတာကို သိပ်သဘောကျသည်။

'' ဟုတ် အဲ့ဒါလေးမဆိုးဘူး ''

ဆွယ်တာကို ကိုယ်တိုင်လာဝတ်ပေးနေသူကြောင့် မြူးအိင်္ကျီထဲလက်လိျှုဝင်လိုက်သည်။ သူ့ကိုကြည့်လိုက်တော့ ဆွယ်တာအသားရောင်ပေါ်မှာ Long Coat အနက်ကြီးထပ်ဝတ်ထားကာ အောက်ကလည်း style pantအနက်ရောင်နဲ့။

'' လာ တတ် ''

လမ်းလျှောက်ရင် အဆင်မပြေမှာစိုးတာကြောင့် wheel-chair ပဲစီးခိုင်းသည်။ ဘယ်လိုနေနေ အပြင်ထွက်ရဖို့ အရေးကြီးတာကြောင့် အထွန့်မတတ်လိုက်။ မြူးအပေါ်စောင်ပါးလေးတစ်ထည် ထပ်ခြုံပေးကာ အပြင်ထွက်ခဲ့ကြသည်။

ဆေးရုံတလျှောက် တွေ့သမျှလူတိုင်းက ခက်ထည်မာန်ဝင့် ကို အရိုအသေပေးသွားတာကြောင့် သူတော့မသိ၊ မြူးကတော့ ကြားထဲက အနေရခက်နေသည်။ မသိရင် ကိုယ့်ကိုပေးသွားသလိုတောင် ခံစားနေရသည်။

'' ဟိုးက ကွင်းကြီးဆီသွားမှာလား ''

'' အင်း ''

ဆေးရုံဝန်းထဲရောက်တာနဲ့ လှမ်းကြည့်လိုက်တော့ အဝေးက ကွင်းပြင်ကျယ်ကြီးထဲမှာ လူတွေအများကြီး စုနေကြသည်။ တချို့တွေက ပြေး၊ တချို့တွေက ဒိုက်ထိုးနေကြပြီး အစုလိုက် အစုလိုက် လှုပ်ရှားနေကြသည်။ ကြည့်ရတာ သူမနေ့ကပြောတဲ့ ဂိုဏ်းသားတွေ ဖြစ်ဟန်တူသည်။

အနီးကပ်လာတာနဲ့အမျှ အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်လာရတော့ မြူးပါးစပ်အဟောင်းသားဖြစ်သွားသည်။ တခြမ်းက မိန်းကလေးတွေ ၊ တခြမ်းက ယောကျာ်းလေးတွေနဲ့ နည်းတာမဟုတ်။

'' အများကြီးပဲနော် ''

အနောက်ကိုလှည့်ကြည့်ပြီးပြောလိုက်တော့ ခက်ထည်မာန်ဝင့် ကခေါင်းငြိမ့်သည်။ တချို့ဆို ဘားတန်းတွေပေါ် အေးအေးဆေးဆေးလမ်းလျှောက်နေကြတာမို့ တကယ်ချီးကျူးချင်စရာကောင်းသည်။

Agent of JoyDove le storie prendono vita. Scoprilo ora