Married Life - 11 [ Unicode ]

13.2K 696 18
                                    

'' ခိခိ ယားတယ် ကိုကို ''

ဗိုက်လုံးလုံးလေးကို သံလွင်ဆီလူးပေးနေတော့ အောက်ကနေ သဘောတကျရယ်နေတဲ့ကောင်လေး။ ကိုယ်ဝန်လွယ်ထားချိန်ဖြစ်တာကြောင့်ထင်သည်၊ ကောင်လေးက တစ်ကိုယ်လုံးနုဖတ်နေကာ မျက်နှာလေးကလည်း ပန်းရောင်ပြေးနေတတ်သည်။

ခြေသလုံးလေးတွေထိ အကုန်လူးပြီးမှ သံလွင်ဆီဘူးကိုပိတ်လိုက်ကာ ကောင်လေးရဲ့ အိင်္ကျီလေးကို ပြန်ဆွဲချပေးလိုက်သည်။ အိင်္ကျီကလည်း တည်မြဲခက် တစ်ယောက် လက်ဆောင်ဆိုပြီး ဒါဇင်လိုက်ဝယ်ပေးသွားတဲ့အိင်္ကျီလေးကိုဝတ်ထား၏ ။ တစ်ထည်လုံးအဝါရောင်ဗြောင်လေးဖြစ်ကာ ဗိုက်ပူပူလေးနားကျမှ နေကြာပန်းပုံကြီးပါတာကြောင့် ချစ်စရာလေးဖြစ်နေတော့သည်။

'' ကိုယ် လက်သွားဆေးလိုက်ဦးမယ်နော် ''

ုမြူးနှဖူးကို ရွှတ်ခနဲနမ်းပြီး ကိုကိုက ရေချိုးခန်းထဲဝင်သွားသည်။ ၈လကျော်ထဲရောက်နေပြီဖြစ်သော ဗိုက်ကလေးကို ကိုင်ကာ အနောက်ကနံရံကိုကျောမှီထိုင်လိုက်သည်။ မြူးကိုယ်ဝန်၄လလောက်ရောက်ကထဲက ကိုကိုက ဆိုင်လည်းမသွားခိုင်းတော့ပဲ တိုက်ခန်းမှာသာနေစေသည်။ အစက စံအိမ်မှာနေမလား၊ တိုက်ခန်းမှာနေမလားဆိုပြီး နှစ်ယောက်သားတွေဝေခဲ့ကြသေးသည်။ နှစ်အိမ်လုံးကိုတော့ ကိုကိုကအရင်လိုအသွားအပြန်မလုပ်စေချင်။ စံအိမ်ကသွားရတာ အတော်ဝေးတာကြောင့်ပင်။

ဒါပေမဲ့ ဗိုက်ကို ဒေါက်တာမြတ်လင်းနိုင်နဲ့ပဲ အပ်ထားတာကြောင့် City နဲ့နီးတဲ့ တိုက်ခန်းကိုပဲရွေးလိုက်ကြသည်။ ကိုကိုက သူ့ဆေးရုံက ဆရာဝန်နဲ့အပ်ပေးမယ်ပြောပေမဲ့ မြူးကပြလက်စ ဆရာဝန်နဲ့ပဲ ပြချင်တာကြောင့် ငြင်းလိုက်ရသည်။

- ရွှတ်

ဗိုက်ကလေးကိုကိုင်ပြီး တွေးချင်ရာတွေးနေတဲ့ ဗိုက်ပူလေးရဲ့ ပါးဖောင်းဖောင်းကို ခက်ထည်နှာခေါင်းတစ်ခုလုံးနစ်ဝင်သွားအောင် နမ်းပစ်လိုက်သည်။ ကိုယ်ဝန်ဆောင်ပြီးမှ မြူးငယ်ကတစ်ကိုယ်လုံး ပြည့်လာကာ ပါးလေးတွေဆို အရင်ကထက် ဖောင်းကားနေတာကြောင့် ခက်ထည်မှာ အသည်းတယားယား။ ဘယ်လိုမှမနေနိုင်တော့တာကြောင့် ကိုယ်လုံးလေးကိုဆွဲဖက်ပစ်လိုက်တော့ ကောင်လေးဆီက အင့်ခနဲ အသံလေးထွက်လာ၏ ။

Agent of JoyOù les histoires vivent. Découvrez maintenant