Part 2 [Unicode]

19.2K 1K 12
                                        

- M2 Suits and Accessories -

'' မမို့ရေ ကျွန်တော်လာတယ် ''

မြူးအသံပေးလိုက်တော့ မမို့က အနောက်ခန်းကနေပြေးထွက်လာသည်။ ခပ်ပု့ံပု့ံနဲ့ မမို့က သဘောအရမ်းကောင်းပြီး လက်ရာလည်းသေသပ်တာမို့ မြူးနဲ့ ဒယ်ဒီ suit လိုရင် ဒီမှာပဲ အပ်နေကြ။
ကြားရသလောက် နာမည်ကျော်စီးပွားရေးသမားတွေ celebrity တွေတောင် မမို့ဆီအပ်ကြသည်။

ဘယ်သူတွေ ဘယ်လောက်လာလို့ ဘယ်လိုနာမည်ကြီးကြီး မမို့က စေတနာအရင်းခံပြီး မခွဲမခြား ဆက်ဆံပေးသည်။ ထို့ကြောင့်လည်း အောင်မြင်မှုက တိုးသထက်တိုးလာသည်လေ။

'' ဟယ် ရယ်မြူးလေး မလာတာကြာပြီရော် အစ်မက ဟိုနေ့ကတောင်သတိရနေသေးတယ် ''

'' ဟုတ်တယ် မမို့ ဒီတလော ပွဲတတ်စရာလည်း သိပ်မရှိလို့လေ ''

'' အော် ဟုတ်လား မမို့ထင်တော့ထင်ပါတယ် မလာတာကြာတော့လေ အခုတော့ တတ်စရာပွဲပေါ်လာပြီပေါ့''

'' ဟီး ဟုတ်တယ် ဒီနေ့ည တတ်စရာ dinner လေးရှိလို့ မမို့ဆီပြေးလာခဲ့တာ အဲ့ဒါ လုပ်ပေးပါဦးနော် သိတယ်မလား သူများထက်ထူးတာလေး ကျွန်တော်ကထင်းနေမှကြိုက်တာ ''

'' အတော်ပဲ ဟိုတစ်ပတ်က Dubai က ပိတ်စကောင်းကောင်းလေးရလို့ မမို့တစ်ထည်ချုပ်ထားတာ အသားလေးတော်တော်ကောင်းတယ် size ကလည်း ရယ်မြူးတို့ size လေး အရောင်က မိုးပြာနဲ့ခဲရောင်နဲ့ စပ်ထားတာ ရယ်မြူးလေးနဲ့ဆို တော်တော်လိုက်မှာ ထင်းနေမှာပဲ ''

'' ဟုတ်လား အဲ့ဆို အခုဝတ်ကြည့်မယ်လေ အဆင်မပြေတာရှိရင် ချက်ချင်းပြင်ပေးလိုက်နော် မမို့ ''

'' စိတ်ချပါရှင် ရယ်မြူးလေးစိတ်တိုင်းကျဖြစ်စေရမယ် နန်းအိရေ သမီး ဟိုတနေ့ကချုပ်ထားတဲ့ မိုးခဲလေး အဝတ်လဲခန်းကို သွားထားလိုက်ဦး '

'' ဟုတ်ကဲ့ အန်တီမို့ ''

ဆိုင်ရှေ့မှာ အိကျႌ​တွေစီနေတဲ့ကောင်မလေးက မမို့ပြောတော့ အနောက်ကိုပြေးဝင်သွားသည်။ နောက်ထပ်ကောင်မလေးတစ်ယောက်က သူ့အရှေ့ကို Strawberry ဖျော်ရည်လေး လာချပေးသည်။ ရင်းနှီးတာကြာတော့ မမို့ဆိုင်က ကလေးတွေတောင် သူ့အကြိုက်တွေကို သိနေကြပြီ။

Agent of JoyOpowieści tętniące życiem. Odkryj je teraz